All News Health Local News

မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ဝင်လာသော ထိုင်း ပြန် မြန်မာတစ်ဦးတွင် ကိုဗစ်ရောဂါးပိုးတွေ့ရှိ၊ ရောဂါကူးစက်ခံရသူ ၂ ဦး အသစ် ထပ်မံတွေ့ရှိပြီး လူနာစုစုပေါင်း ၁၀ ဦးရှိလာ

မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ဝင်လာသော ထိုင်း ပြန် မြန်မာတစ်ဦးတွင် ကိုဗစ်ရောဂါးပိုးတွေ့ရှိ၊ ရောဂါကူးစက်ခံရသူ ၂ ဦး အသစ် ထပ်မံတွေ့ရှိပြီး လူနာစုစုပေါင်း ၁၀ ဦးရှိလာ

ရန်ကုန်၊ မတ် ၂၉

ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာတစ်ဦးထံမှ ကိုဗစ်ရောဂါးပိုးတွေ့ရှိ၊ ရောဂါကူးစက်ခံရသူ ၂ ဦး အသစ် ထပ်မံတွေ့ရှိရပြီး စုစုပေါင်း ၁၀ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-09) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီးမတ်လ ၂၃ ရက်နေ့ တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ မတ်လ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသူမှာ မတ်လ ၂၆ ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းပြီး အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် မတ်လ ၂၈ ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts