All News Health Local News

မြန်မာနိုင်ငံလာရောက်လည်ပတ်သည့် ပြင်သစ်ခရီးသည် ၃ ဦးနှင့်ကျောက်မဲမှ ထိုင်းပြန် မြန်မာအမျိုသားတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၊ စုစုပေါင်း လူနာ ၁၄ ဦးရှိလာ

မြန်မာနိုင်ငံလာရောက်လည်ပတ်သည့် ပြင်သစ်ခရီးသည် ၃ ဦးနှင့်ကျောက်မဲမှ ထိုင်းပြန် မြန်မာအမျိုသားတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၊ စုစုပေါင်း လူနာ ၁၄ ဦးရှိလာ

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံလာရောက်လည်ပတ်သည့် ပြင်သစ်ခရီးသည် ၃ ဦးနှင့်ကျောက်မဲမှ ထိုင်းပြန် မြန်မာအမျိုသားတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရပြီး စုစုပေါင်း လူနာ ၁၄ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ဗဟန်းမြို့နယ်မှ အမျိုးသမီး(ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပြီး အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရှိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts