All News Health Local News

မန္တလေး ကန်တော်နဒီဆေးရုံတွင် ကော်ရိုနာဗိုင်းရပ်စ် သံသယ စောင့်ကြည့်လူနာ သေဆုံးမှု ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မည်ဟုဆို

မန္တလေး ကန်တော်နဒီဆေးရုံတွင် ကော်ရိုနာဗိုင်းရပ်စ် သံသယ စောင့်ကြည့်လူနာ သေဆုံးမှု ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မည်ဟုဆို

ရန်ကုန်၊ မတ် ၆

မန္တလေးတိုင်း ကန်တော်နဒီ ဆေးရုံတွင် ကိုရိုနာရောဂါ စောင့်ကြည့်လူနာအဖြစ်တက်ရောက်နေသော အမျိုးသမီးတစ်ဦး ယနေ့ သေဆုံးခဲ့ပြီး မည်သည့်ရောဂါကြောင့်သေဆုံးခဲ့သည်ကို ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ညနေ ၄နာရီခွဲတွင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူး ဒေါ်တာသန်းသန်းမြင့်ကပြောဆိုသည်။

“လူနာတစ်ယောက်က ဆေးရုံကြီးမှာလာပြတယ်။ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါကိုလာပြရင် သူ့ကိုသီးသန့် လူနာဆောင်မှာထားတာ။ အခုကူးစက်ဆေးရုံက။ ဝူဟန်က ကလေးတွေပြန်သွားပြီးတဲ့နောက်မှာ မန္တလေးဆေးရုံကြီးရဲ့ ဆေးရုံခွဲတစ်ခုပဲပေါ့။ သူက ဒီလိုလူနာမျိုးလာမယ်ဆိုရင် အဲမှာထားမယ်ဆိုပြီးတော့ ထားတာပေါ့။ သူက အစကတည်းက ရောဂါအခံလည်း ရှိပြီးသား။ အဖြေကလည်း မနေ့ကမှ နမူနာယူတယ်။ ဒီနေ့ပို့တယ်။ ရောက်သွားပြီပေါ့။ ညနေ ၄နာရီ ၅နာရီလောက်မှာ အဖြေကထွက်မှာပေါ့” ဟု ဒေါက်တာ သန်းသန်းမြင့်ကပြောဆိုသည်။

ထို သေဆုံးသူအမျိုးသမီး၏ စစ်ဆေးချက်များကို လက်ရှိချိန်တွင် ဓာတ်ခွဲခန်းပို့ဆောင်ထားပြီး ညနေပိုင်းတွင် ကြေညာပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts