All News Health Local News

မန္တလေးမှကိုဗစ်ရောဂါတွေ့ရှိသူ တစ်ညအိပ်ခဲ့သည့် တောင်ဥက္ကလာပနေအိမ်မှ မိသားစုဝင် ၃ဦးကို ဝေဘာဂီဆေးရုံ ပို့ဆောင်

မန္တလေးမှကိုဗစ်ရောဂါတွေ့ရှိသူ တစ်ညအိပ်ခဲ့သည့် တောင်ဥက္ကလာပနေအိမ်မှ မိသားစုဝင် ၃ဦးကို ဝေဘာဂီဆေးရုံ ပို့ဆောင်

ရန်ကုန်၊ မတ် ၂၇

မန္တလေးတိုင်း ကန်တော်နဒီဆေးရုံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ တစ်ညအိပ်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်၊ ကျော်သူလမ်း၊ အမှတ် ၉၄၉ (B) နေအိမ်မှ မိသားစုဝင် ၃ဦးကို လက်ရှိချိန်တွင် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကပြောဆိုသည်။

အဆိုပါ မိသားစုဝင် ၃ဦးမှာ ဦးကျော်သူကို၊ ၎င်း၏ဇနီးဖြစ်သူ နှင့် သားဖြစ်သူတို့ကို တောင်ဥက္ကလာပမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ကျန်းမာရေးအဖွဲ့အစည်းများက ဝေဘာဂီဆေးရုံသို့ခေါ်ဆောင်သွားကာ စစ်ဆေးမှုများပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

“ သူတို့ကို ဆေးရုံကနေပြီးတော့ ဆုံးဖြတ်လိမ့်မယ်။ ရောဂါပိုးရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ ဆေးရုံမှာပဲ ထိန်းသိမ်းလိုက်မှာပေါ့။ တကယ်လို့ ရောဂါမတွေ့ဘူးဆိုရင် အိမ်မှာ ၁၄ရက်စောင့်ကြည့်နဲ့ ပြန်ထားရမှာပေါ့။ အခုတော့ လောလောဆယ်တော့ ကျွန်တော်တို့ ဒီတိုက်မှာရှိတဲ့ လူတွေအားလုံးကို စာရင်းတွေကောက်ထားတယ်။ ကျွန်တော်တို့ဆေးတွေဘာတွေဖျန်းထားတယ်။ လူဝင်လူထွက်တွေ ပိတ်ထားတယ်။ သူတို့နေတာက ကန်ထရိုက်တိုက် ပထမအလွှာမှာနေတာ သူကဒီမှာ လာအိပ်တော့ အပြင်တွေဘာတွေ သွားတာတော့ မတွေ့ဘူးပြောတယ်။ အဲဒီတိုက်ကို အတက်အဆင်းတွေ လုံးဝပေးမလုပ်တော့ဘူး” ဟု ဦးမိုးမြင့်ကပြောဆိုသည်။

အဆိုပါ ကော်ရိုနာရေဂါပိုးရှိသူသည် အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူထိုင်သူဖြစ်ကာ မတ်လ ၅ ရက်နေ့တွင် မိဘများရှိသော အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်လည်ပတ်ပြီး ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts