All News Health International News

ဗြိတိန်ကျန်းမာရေးဝန်ကြီး ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ဗြိတိန်ကျန်းမာရေးဝန်ကြီး ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ရန်ကုန်၊ မတ် ၁၁

ဗြိတိန်ကျန်းမာရေးဝန်ကြီးလည်းဖြစ်၊ ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ်လည်းဖြစ်သူ Nadine Dorries သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း BBC က သတင်းဖော်ပြသည်။

ကောရိုနာဗိုင်းရပ်စ်ကူးစက်ခံသော ပထမဦးဆုံးသော လွှတ်တော်အမတ်ဖြစ်လာသည့် Ms Dorriesက ၎င်းအနေဖြင့် ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာအစီအမံများကို ဆောင်ရွက်ပြီး နေအိမ်တွင် သီးခြားခွဲ၍ နေထိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

လတ်တလော ဗြိတိန်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး ၃၈၂ ဦး ရောဂါကူးစက်ခံထားရသည်။

ပြည်သူ့ကျန်းမာရေးဌာနကမူ အမတ် Ms Dorries နှင့်ထိတွေ့ဖူးသူများကို စတင်၍ ခြေရာခံနေပြီး ဌာနနှင့် လွှတ်တော်ရုံးတို့ကလည်း ကျန်းမာရေးဌာန၏ အကြံဉာဏ်များအတိုင်း လိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Photo -BBC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts