Local News Peace political news

ဗိုလ်ကြီး ၂ ဦး အပါအဝင်တပ်မတော်သား ၁၀ ဦး ထပ်မံ ဖမ်းဆီးရမိဟု AA က ထုတ်ပြန်၊ တပ်မတော်သား ၃၀ ဦး ဖမ်းဆီးခံရမှုအပေါ် တပ်မတော်ဘက်မှ အတည်မပြု

ဗိုလ်ကြီး ၂ ဦး အပါအဝင်တပ်မတော်သား ၁၀ ဦး ထပ်မံ ဖမ်းဆီးရမိဟု AA က ထုတ်ပြန်၊ တပ်မတော်သား ၃၀ ဦး ဖမ်းဆီးခံရမှုအပေါ် တပ်မတော်ဘက်မှ အတည်မပြု

ရန်ကုန်၊ မတ် ၁၁

ရခိုင်တပ်တော် AA က တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) မှ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူးတစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၁၀) ဦးခန့်အားလက်နက်(၁၄) လက်၊ ခဲယမ်းအချို့နှင့်အတူ ယနေ့ ထပ်မံဖမ်းဆီးရမိထားကြောင်း ရခိုင်တပ်တော်AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး မြန်မာ့တပ်မတော်က အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ လကြောင်းမှ တစ်နေကုန် မရပ်မနားပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ ကျေးရွာတချို့ မီးလောင်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း ခမရ ၇ မှ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ၂၀ ဦး ဖမ်းဆီးရမိကြောင်း AA က ထုတ်ပြန်ထားရာ စုစုပေါင်း တပ်မတော်သား ၃၀ ဦး AA ၏ ဖမ်းဆီးထားကြောင်း သိရှိရသည်။

တပ်မတော်သားများ ဖမ်းဆီးခံရသော သတင်းများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ၤဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts