All News Health Local News

ပျော်ဘွယ်တွင် ထိုင်းမှ ပြန်လာသူ ကျန်းမာရေးကောင်းမွန်သော်လည်း ကျေးရွာက လက်မခံဘဲ လူစုလူဝေးဖြင့်ဆူပူမှုဖြစ်ပွား၍ အခြားနေရာသို့ ထွက်ခွာရ(ရုပ်/သံ)

ပျော်ဘွယ်တွင် ထိုင်းမှ ပြန်လာသူ ကျန်းမာရေးကောင်းမွန်သော်လည်း ကျေးရွာက လက်မခံဘဲ လူစုလူဝေးဖြင့်ဆူပူမှုဖြစ်ပွား၍ အခြားနေရာသို့ ထွက်ခွာရ(ရုပ်/သံ)

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် မင်းလမ်းကျေးရွာအုပ်စု ဆားတောင်ကျေးရွာတွင် ထိုင်းနိုင်ငံမှပြန်လာခဲ့သူတစ်ဦးဖြစ်သော ကိုနေအောင်ကို ကျေးရွာက လက်မခံဘဲ လူစုလူဝေးဖြင့် ဆူပူမှုများဖြစ်ပွားခဲ့ သဖြင့် ထိုင်းပြန် ကိုနေအောင် အသက်(၂၆)နှစ်သည် အခြားနေရာသို့သွားရောက်ရန် တောင်တွင်းကြီးသို့ ထွက်ခွာသွားရကြောင်း မင်းလမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်မော်စိုးက ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လာသူ အသက်(၂၆)နှစ်အရွယ် ဦးနေအောင်သည် မတ်လ ၂၈ ရက်နေ့ ဆားတောင်ကျေးရွာသို့ နံနက် ၂ နာရီခွဲ အချိန်တွင်ပြန်ရောက်ခဲ့ပြီး၊ နံနက်(၆)နာရီအချိန်တွင် မင်းလမ်းကျေးရွာတွင် လူစုလူဝေးဖြင့် ဆူပူမှုများဖြစ်နေသည့်အတွက် သက်ဆိုင်ရာကျန်းမာရေးဆရာမမှ ကိုနေအောင်အား ကျန်းမာရေးစစ်ဆေးရာတွင် ဖျားနာခြင်းမရှိ ကျန်းမာရေးကောင်းမွန်သော်လည်း ကျေးရွာမှ လက်ခံံခြင်းမရှိ ဆူပူအော်ဟစ်နေသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ပြီး ဇာတိဖြစ်သော တောင်တွင်းကြီးမြို့သို့ ဆိုင်ကယ်ဖြင့် ပြန်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကို သက်ဆိုင်ရာ ရာအိမ်မှူးနဲ့ ရပ်မိရပ်ဖတွေကနေ နံနက်(၆)နာရီအချိန်မှာ သတင်းပေးပို့တဲ့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနက ဆရာမလေးကိုခေါ်ပြီးတော့ အခင်းဖြစ်တဲ့နေရာရောက်ရှိသွားပါတယ်၊ အဲဒီနေရာမှာ အုတ်အော်သောင်းနင်းနဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေပါတယ်၊ ဆရာလေးက အဖျားတွေဘာတွေ တိုင်းပါတယ်၊ သူ့မှာပါလာတဲ့ နိုင်ငံတော်ကပေးထားတဲ့ ကိရိယာတွေနဲ့ စမ်းသပ်ပါတယ်၊ အဆင့်မြင့်မြင့် စမ်းသပ် ကိရိယာတွေတော့ မပါဘူး၊ စနစ်တကျကျန်းမာရေးစစ်ဆေးတဲ့အခါမှာ ဖျားခြင်းနာခြင်းမရှိပါဘူး၊ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်၊ ကျေးရွာကလဲ အဲဒီ ဗိုင်းရပ်စ်က ကမ္ဘာကိုပြန်နှံ့နေတာဆိုတော့ ဒီရောဂါကို ကြောက်ကြပါတယ်၊ ဘယ်ရွာကမှလဲ လက်ခံမှာမဟုတ်ပါဘူး၊ ကျေးရွာကလဲ သိပ်ပြီးတော့ လက်ခံနိုင်တဲ့ အင်အားမရှိဘူး အုတ်အော်သောင်းနင်းနဲ့ ဆူပွက်နေတော့ အိမ်ရှင်က သူ့မောင်(ကိုနေအောင်) ကို ဇာတိရွာ တောင်တွင်းကြီးကို ပြန်စေလွတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ အယ်လိုမှ ပြန်မလွတ်နိုင်ဘူးဆိုရင် ဒီဥစ္စာကြီးက တနေကုန် ပြီးမှမဟုတ်ဘူး၊ အော်ကြီးဟစ်ကျယ်နဲ့ ရန်ဖြစ်နေမှာ ကျွန်တော်တို့မှာ ဘယ်လိုဆုံးဖြတ်ရမှန်းမသိဘူး၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း လှမ်းဆက်ပါတယ်၊ ညကရောက်လို့ မှတ်တမ်းယူပါတယ်၊ လုံလောက်တဲ့ ကျေးလက်ကျန်းမာရေး ဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီး၊ ကျန်းမာရေးအခြေအနေကို စမ်းသပ်နေပါတယ်၊ နံနက်(၈)နာရီအချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ပြန်သွားပါတယ်” ဟု မင်းလမ်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်မော်စိုးက ပြောသည်။

အဆိုပါ ထိုင်းပြန်လာသူ ဆိုင်ကယ်ဖြင့် တောင်တွင်းကြီးသွားခွင့်ပြုပြီသည့်နောက် ဦးနေအောင်နှင့် ထိတွေ့သူများဖြစ်ကြသည့် ဆားတောင်ကျေးရွာမှ ကိုဝင်းညွန့်နှင့်မဌေးရီ တို့အား ဆားတောင်မြို့နယ်ရှိ စာသင်ကျောင်းတွင် ထားရှိရန်စီစဉ်သော်လည်း ရွာလူထုမှ လက်မခံသည့်အတွက် အိမ်တွင် (Home Quarantine ) စီစဉ်ရာ ၎င်းအိမ်အနီးရှိ ရွာလူထုမှလက်မခံ၊ ထို့နောက် ဘုန်းကြီးကျောင်းသို့ ထားရှိရန် လျှောက်ထားခဲ့သော်လည်း လက်မခံခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကျေး၊အုပ်ချုပ်ရေးမှူးများကို ညနေ(၃)နာရီတွင် အစည်းအဝေးခေါ်ယူကာ ကော်ရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေးအတွက် (၁၄)ရက် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းပြုလုပ်ရန် အထက(၁)တွင် (Facilities Quarantine) ထားရှိရန်စီစဉ်ထားပြီး၊ တောင်ဆားတောင်မှ (၂)ယောက်၊ မင်းလမ်း(မြောက်)ရွာမှ (၁)ယောက်၊ တရုတ်နိုင်ငံမှ ပြန်လာသည့် သန်းကုန်းကျေးရွာမှ (၁)ယောက်တို့အား ပို့ဆောင်ကာ စောင့်ကြပ်ကြည့်ရှုထားပြီးဖြစ်ကြောင်း သိရသည်။

ထုိင္းမွ ျပန္လာသူ ေက်းရြာက လက္မခံ၍ အျခားေနရာသုိ႔ ထြက္ခြာရ(ရုပ္/သံ)

ေပ်ာ္ဘြယ္တြင္ ထုိင္းမွ ျပန္လာသူ က်န္းမာေရးေကာင္းမြန္ေသာ္လည္း ေက်းရြာက လက္မခံဘဲ လူစုလူေ၀းျဖင့္ဆူပူမႈျဖစ္ပြား၍ အျခားေနရာသုိ႔ ထြက္ခြာရ(ရုပ္/သံ)ရန္ကုန္၊ မတ္ ၂၉ မႏၱေလးတုိင္း၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ မင္းလမ္းေက်း႐ြာအုပ္စု ဆားေတာင္ေက်း႐ြာတြင္ ထိုင္းႏိုင္ငံမွျပန္လာခဲ့သူတစ္ဦးျဖစ္ေသာ ကုိေနေအာင္ကို ေက်းရြာက လက္မခံဘဲ လူစုလူေဝးျဖင့္ ဆူပူမႈမ်ားျဖစ္ပြားခဲ့ သျဖင့္ ထုိင္းျပန္ ကိုေနေအာင္ အသက္(၂၆)ႏွစ္သည္ အျခားေနရာသုိ႔သြားေရာက္ရန္ ေတာင္တြင္းႀကီးသို႔ ထြက္ခြာသြားရေၾကာင္း မင္းလမ္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေမာ္စိုးက ေျပာသည္။ အဆိုပါ ထိုင္းႏိုင္ငံမွ ျပန္လာသူ အသက္(၂၆)ႏွစ္အ႐ြယ္ ဦးေနေအာင္သည္ မတ္လ ၂၈ ရက္ေန႔ ဆားေတာင္ေက်း႐ြာသို႔ နံနက္ ၂ နာရီခြဲ အခ်ိန္တြင္ျပန္ေရာက္ခဲ့ၿပီး၊ နံနက္(၆)နာရီအခ်ိန္တြင္ မင္းလမ္းေက်း႐ြာတြင္ လူစုလူေဝးျဖင့္ ဆူပူမႈမ်ားျဖစ္ေနသည့္အတြက္ သက္ဆိုင္ရာက်န္းမာေရးဆရာမမွ ကိုေနေအာင္အား က်န္းမာေရးစစ္ေဆးရာတြင္ ဖ်ားနာျခင္းမရွိ က်န္းမာေရးေကာင္းမြန္ေသာ္လည္း ေက်း႐ြာမွ လက္ခံံျခင္းမရွိ ဆူပူေအာ္ဟစ္ေနသည့္အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးထံ သတင္းေပးပို႔ၿပီး ဇာတိျဖစ္ေသာ ေတာင္တြင္းႀကီးၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္ ျပန္ခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။“ကြၽန္ေတာ္ကို သက္ဆိုင္ရာ ရာအိမ္မႉးနဲ႔ ရပ္မိရပ္ဖေတြကေန နံနက္(၆)နာရီအခ်ိန္မွာ သတင္းေပးပို႔တဲ့အတြက္ သက္ဆိုင္ရာ က်န္းမာေရးဌာနက ဆရာမေလးကိုေခၚၿပီးေတာ့ အခင္းျဖစ္တဲ့ေနရာေရာက္ရွိသြားပါတယ္၊ အဲဒီေနရာမွာ အုတ္ေအာ္ေသာင္းနင္းနဲ႔ ေအာ္ႀကီးဟစ္က်ယ္ျဖစ္ေနပါတယ္၊ ဆရာေလးက အဖ်ားေတြဘာေတြ တိုင္းပါတယ္၊ သူ႔မွာပါလာတဲ့ ႏိုင္ငံေတာ္ကေပးထားတဲ့ ကိရိယာေတြနဲ႔ စမ္းသပ္ပါတယ္၊ အဆင့္ျမင့္ျမင့္ စမ္းသပ္ ကိရိယာေတြေတာ့ မပါဘူး၊ စနစ္တက်က်န္းမာေရးစစ္ေဆးတဲ့အခါမွာ ဖ်ားျခင္းနာျခင္းမရွိပါဘူး၊ က်န္းမာေရးေကာင္းမြန္လ်က္ရွိပါတယ္၊ ေက်း႐ြာကလဲ အဲဒီ ဗိုင္းရပ္စ္က ကမာၻကိုျပန္ႏွံ႔ေနတာဆိုေတာ့ ဒီေရာဂါကို ေၾကာက္ၾကပါတယ္၊ ဘယ္႐ြာကမွလဲ လက္ခံမွာမဟုတ္ပါဘူး၊ ေက်း႐ြာကလဲ သိပ္ၿပီးေတာ့ လက္ခံႏိုင္တဲ့ အင္အားမရွိဘူး အုတ္ေအာ္ေသာင္းနင္းနဲ႔ ဆူပြက္ေနေတာ့ အိမ္ရွင္က သူ႔ေမာင္(ကိုေနေအာင္) ကို ဇာတိ႐ြာ ေတာင္တြင္းႀကီးကို ျပန္ေစလြတ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္၊ အယ္လိုမွ ျပန္မလြတ္ႏိုင္ဘူးဆိုရင္ ဒီဥစၥာႀကီးက တေနကုန္ ၿပီးမွမဟုတ္ဘူး၊ ေအာ္ႀကီးဟစ္က်ယ္နဲ႔ ရန္ျဖစ္ေနမွာ ကြၽန္ေတာ္တို႔မွာ ဘယ္လိုဆုံးျဖတ္ရမွန္းမသိဘူး၊ သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုလည္း လွမ္းဆက္ပါတယ္၊ ညကေရာက္လို႔ မွတ္တမ္းယူပါတယ္၊ လုံေလာက္တဲ့ ေက်းလက္က်န္းမာေရး ဌာနနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး၊ က်န္းမာေရးအေျခအေနကို စမ္းသပ္ေနပါတယ္၊ နံနက္(၈)နာရီအခ်ိန္မွာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ျပန္သြားပါတယ္” ဟု မင္းလမ္းအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေမာ္စိုးက ေျပာသည္။အဆိုပါ ထိုင္းျပန္လာသူ ဆိုင္ကယ္ျဖင့္ ေတာင္တြင္းႀကီးသြားခြင့္ျပဳၿပီသည့္ေနာက္ ဦးေနေအာင္ႏွင့္ ထိေတြ႕သူမ်ားျဖစ္ၾကသည့္ ဆားေတာင္ေက်း႐ြာမွ ကို၀င္းၫြန္႔ႏွင့္မေဌးရီ တို႔အား ဆားေတာင္ၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းတြင္ ထားရွိရန္စီစဥ္ေသာ္လည္း ႐ြာလူထုမွ လက္မခံသည့္အတြက္ အိမ္တြင္ (Home Quarantine ) စီစဥ္ရာ ၄င္းအိမ္အနီးရွိ ႐ြာလူထုမွလက္မခံ၊ ထို႔ေနာက္ ဘုန္းႀကီးေက်ာင္းသို႔ ထားရွိရန္ ေလွ်ာက္ထားခဲ့ေသာ္လည္း လက္မခံခဲ့ေၾကာင္း သိရသည္။လက္ရွိအခ်ိန္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ ရပ္ေက်း၊အုပ္ခ်ဳပ္ေရးမႉးမ်ားကို ညေန(၃)နာရီတြင္ အစည္းအေဝးေခၚယူကာ ေကာ္႐ိုနာဗိုင္းရပ္ ႀကိဳတင္ကာကြယ္ေရးအတြက္ (၁၄)ရက္ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ျခင္းျပဳလုပ္ရန္ အထက(၁)တြင္ (Facilities Quarantine) ထားရွိရန္စီစဥ္ထားၿပီး၊ ေတာင္ဆားေတာင္မွ (၂)ေယာက္၊ မင္းလမ္း(ေျမာက္)႐ြာမွ (၁)ေယာက္၊ တ႐ုတ္ႏိုင္ငံမွ ျပန္လာသည့္ သန္းကုန္းေက်း႐ြာမွ (၁)ေယာက္တို႔အား ပို႔ေဆာင္ကာ ေစာင့္ၾကပ္ၾကည့္ရႈထားၿပီးျဖစ္ေၾကာင္း သိရသည္။

Posted by Khit Thit Media on Saturday, 28 March 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts