All News Local News Peace

ပလက်ဝဆိပ်ကမ်းမှ အလုပ်သမားများကို AA က ဖမ်းဆီးခဲ့ပြီး အားလုံး ပြန်လွှတ်ပေးလိုက်ပြီဟုဆို

ပလက်ဝဆိပ်ကမ်းမှ အလုပ်သမားများကို AA က ဖမ်းဆီးခဲ့ပြီး အားလုံး ပြန်လွှတ်ပေးလိုက်ပြီဟုဆို

ရန်ကုန်၊ မတ် ၂၃

ချင်းပြည်နယ်၊ ပလက်၀ ဆိပ်ခံတံတားကိုတည်ဆောက်မှုလုပ်ငန်းခွင်ကို AA က ယမန်နေ့ ညပိုင်းက ဝင်ရောက်ကာ အလုပ်သမားများကို ထိန်းသိမ်းခြင်း၊ မေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုက ခပြောဆိုသည်။

AA cလက်နက်ကိုင်အဖွဲ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တည်ဆောက်နသော ပလက်၀ ဆိပ်ခံတံတား တည်ဆောက်မှုလုပ်ငန်းကို ဝင်ရောက်ပြီး အိန္ဒိယနိုင်ငံသားများအပါအဝင် ၁၅ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ဖြေဆိုခြင်းဖြစ်သည်။

“ပလက်ဝကိစ္စက မြေပြင်ပေါ်ကိုတော့ ဒီနေ့မနက်မှာ ကျနော်တို့ အတိအကျ အသေအချာမေးပြီးပြီ။ ကျနော်တို့ အဲဒီလူတွေကို ခဏလေး ထိန်းသိမ်းထားခဲ့တာတော့ဟုတ်တယ်။ ဘာကြောင့် လဲဆိုတော့ အိန္ဒိယ ဆိပ်ကမ်း အဆောက်အဦးတွေကနေပြီးတော့ မြန်မာစစ်တပ်က သေနတ်တွေနဲ့ လောင်ချာတွေ ရော့ကတ်တွေနဲ့ လှမ်းပစ်နေတာရှိတယ်။ ဒါကြောင့်မို့လို့ အဲဒီနေရာကို ကျနော်တို့ တပ်တွေက အဲဒီ သေနတ်ပစ်တဲ့ သင်္ဘော ဆိပ်ကမ်း နေရာတွေကို ဝင်ရောက်ပြီးတော့ ရှင်းလင်းခဲ့တာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်တွေ အသုံးပြုခဲ့တဲ့ လက်နက်ကျည်ဆန်တွေ၊ နောက်ပြီး စစ်သားတွေ နေခဲ့တဲ့ နေရာတွေ အဲဒါတွေ အဲဒီမှာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ အဆောက်အဦး နေရာကနေ လူတွေကို ခဏလေး ခေါ်ယူ မေးမြန်းခဲ့တာရှိတယ်။ ပြီးတော့ ဒီလူတွေက စစ်ဘက်နဲ့ ဘာမှ သက်ဆိုင်တဲ့သူတွေ မဟုတ်တဲ့အတွက် ကျနော်တို့ ကောင်းကောင်းမွန်မွန် ပဲ ပြန်ပြီးတော့ လွှတ်ပေးလိုက်ပြီဖြစ်တယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောဆိုသည်။

AA က သိန်း ၅၀ ယူဆောင်သွားသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မူ မှန်ကန်သော သတင်းမဟုတ်ကြောင်း၊ AA အနေဖြင့် သိန်း ၅၀ ကို ယူဆောင်ခြင်း လုံး၀ မရှိကြောင်း ၎င်းက ဆိုသည်။

“အဲဒီမှာ စွပ်စွဲထားသလို ငွေသိန်း ၅၀ ယူတာက လုံးဝမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးစိုးထက်ကမူ AA တပ်ဖွဲ့သည် ပလက်ဝဆိပ်ခံတံတား စီမံကိန်းမှ အလုပ်သမား ၁၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး သိန်း ၅၀ ယူကာ လူများကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်းတမန်သတင်းဌာနသို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ရှိ အိန္ဒိယ ရင်းနှီးမြှုပ်နှံထားသော ဆိပ်ကမ်းများနှင့်ပတ်သက်၍ ပြောစရာများရှိနေကြောင်း၊ မြန်မာ့တပ်မတော်က ယင်းဆိပ်ကမ်းများကို အသုံးပြုနေကြောင်း ခိုင်သုခက ပြောဆိုသည်၊

“အိန္ဒိယဆိပ်ကမ်းတွေနဲ့ပတ်သက်ပြီးတော့ ပြောစရာတွေရှိတယ်။ အခုဆိုလို့ရှိရင် မြန်မာရေတပ်တွေက အိန္ဒိယဆိပ်ကမ်းကို စစ်တွေမှာရှိတဲ့ အိန္ဒိယ ဆိပ်ကမ်းတွေကို အသုံးပြုပြီးတော့ လက်နက်ခဲယမ်း ရိက္ခာအတင်အချတွေ နောက်ပြီး စစ်သားတွေ အရွှေ့အပြောင်းတွေကို အဲဒီဆိပ်ကမ်းကို ရွှေ့ပြီးတော့ လုပ်နေတာရှိတယ်။ ဒါကြောင့်မို့လို့ စစ်တွေမှာ ရှိတဲ့ အိန္ဒိယ ရဲ့ ဆိပ်ကမ်းက မြန်မာစစ်တပ်ရဲ့ စစ်ရေး အဆောက်အအုံတွေ ဖြစ်နေတယ်။ အဲဒီ ပလက်၀ ဆိပ်ကမ်းက မြန်မာစစ်တပ်ရဲ့ သေနတ်တွေ ရော့ကတ်တွေနဲ့ လှမ်းပစ်နေတာ ရှိတယ်။ဒါကြောင့်မို့ ဝင်ရောက် ရှင်းလင်းရတဲ့ကိစ္စတွေဖြစ်ပေါ်လာတာဖြစ်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စနစ်တကျ မှတ်တမ်း တင်ထားတာရှိတယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ- ပလက်၀ ဆိပ်ခံတံတား။ Photo Credit – MOI

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com