All News interview Peace

“နှစ်ဖက်တိုက်ပွဲတွေကြားမှာ ဒေသခံတွေခံရတယ်ပေါ့”

“နှစ်ဖက်တိုက်ပွဲတွေကြားမှာ ဒေသခံတွေခံရတယ်ပေါ့”

By ရန်ကုန်ခေတ်သစ်

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) တွဲဖက်အတွင်းရေးမှူး ဦးပိုင်နန်းကိုဆက်သွယ်မေးမြန်းချက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ မိတ်စာဝ (၁)၊ မိတ်စာဝ (၂)နှင့် မိတ်စာဝ (၃) ကျေးရွာများအတွင်းအတွင်းသို့ မတ်လ ၁၄ရက်နေ့က လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသား ချင်းလူမျိုး ၁၁ဦး (ကျား) ၈ဦး၊ (မ) ၃ဦး၊ ထိမှန်သေဆုံးခဲ့ပြီး ၁၂ဦး (ကျား)၈ဦး၊ (မ)၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မတ်လ ၁၅ရက်နေ့က ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) တွဲဖက်အတွင်းရေးမှူး ဦးပိုင်နန်းကိုဆက်သွယ်မေးမြန်းထားသည်။

မေး။ ။တပ်မတော် လေကြောင်းပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတဲ့ ကြေညာချက်တစ်စောင် ထုတ်ထားတာတွေ့တယ်။ ဒီအပေါ် ကောင်စီရဲ့ သဘောထားကဘယ်လိုရှိလဲ။

ဖြေ။ ။ ကျန်တော်တို့ ကြေညာချက်ထဲမှာ ထုတ်ပြန်ထားတဲ့အတိုင်းကျွန်တော်တို့ ရှုတ်ချတယ်။ လေယာဉ်နဲ့ ပစ်သွားတယ်ဆိုတော့ အကိုတို့လည်းသိမှာပေါ့။ သူတို့က ငြင်းထားတယ်မဟုတ်ဘူးဆိုပြီးတော့။

မေး။ ။ အခုဆိုရင် ပလက်ဝမှာရှိတဲ့ ပြည်သူတွေလည်း စားစရာတွေ ပြတ်လပ်ပြီးတော့ နေရေး ထိုင်ရေး ဒုက္ခရောက်နေတယ်လို့ ပြောနေတယ်။ ဘယ်လိုတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့ဘက်ကတော့ စဉ်းစားနေတာပေါ့ဗျာ။ ဆန်သယ်ဖို့တွေ ဘာတွေလုပ်နေတယ်။ ဒါပေမယ့် အဲဒီလိုမျိုးလုပ်တာလည်းမကောင်းဘူးပေါ့။ နှစ်ဖက်တိုက်ပွဲတွေကြားမှာ ဒေသခံတွေခံရတယ်ပေါ့။

မေး။ ။ တပ်မတော်ဘက်က ငြင်းတဲ့အပေါ်ကို ဘယ်လိုသဘောထားရှိလဲ။

ဖြေ။ ။ အဲဒါမျိုးကပြောဖို့ခက်တယ်။

မေး။ ။ ဒီလိုအပြစ်မဲ့တဲ့ ပြည်သူတွေ သေဆုံးနေတာပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲ ပုဂ္ဂိုလ်တွေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဖို့ရှိလား။

ဖြေ။ ။ လောလောဆယ် ကျွန်တော်တို့ အဲဒါဆွေးနွေးနေတုန်းပဲရှိသေးတယ်။ တွေ့မတွေ့တော့ မပြောနိုင်သေးဘူး။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ တာဝန်ရှိသူအဆင့်ဆင့်ကိုတော့ တင်ပြဖို့ စီစဉ်ထားတယ်။ ဒီလောက်ပဲပြောချင်တယ်။ လောလောဆယ်တော့ ကျန်တာမပြောချင်သေးဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts