All News Local News Peace

နိုင်ငံ ဖြိုခွဲချင်သူများက တပ်မတော်ပြိုကွဲစေရန် ကြိုးစားနေ၍ တိုက်ပွဲဝင်ရန် အမြဲအသင့်ရှိနေကြရန် တပ်ချုပ်သတိပေး

နိုင်ငံ ဖြိုခွဲချင်သူများက တပ်မတော်ပြိုကွဲစေရန် ကြိုးစားနေ၍ တိုက်ပွဲဝင်ရန် အမြဲအသင့်ရှိနေကြရန် တပ်ချုပ်သတိပေး

ရန်ကုန်၊ မတ် ၂၇

တပ်မတော်သည် တိုင်းပြည်မျက်နှာနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်သာ ကာကွယ်ရေးတာဝန်နှင့် သမိုင်းပေးတာဝန်များ ထမ်းဆောင်နေပြီး နိုင်ငံတော်ကို ဖြိုခွဲချင်သူများက တပ်မတော်ပြိုကွဲစေရန် ကြိုးစားနေသဖြင့် တိုက်ပွဲဝင်ရန် အမြဲအသင့်ရှိကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် တပ်မတော်စိန်ရတုနေ့ အတွက် မိန့်ခွန်းတွင် ထုတ်ပြန်နှိုးဆော်သတိပေးတိုက်တွန်းလိုက်သည်။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း မယိုင်လဲစေရန် အတွက် တာဝန်များ ထမ်းဆောင်နေကြောင်း၊ ဒေသတွင်း အင်အားတောင့်တင်းသော မျိုးချစ်တပ်မတော်ဖြစ်လာစေရေးလည်း တည်ဆောက် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတော် အတွက် တပ်မတော်ပြိုကွဲ၍ မရပါ။ နိုင်ငံတော်ကို ဖြိုခွဲချင်သူများအား အတိတ်၊ ပစ္စုပ္ပန် ကာလတို့တွင် တပ်မတော်ပြိုကွဲ စေရန်ကြိုးစားရန် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ၊ အနာဂတ်တွင်လည်း ကြိုးစား နေကြမည်ဖြစ်၍ သတိတမံ၊ ဉာဏ်မြေ ကတုတ်ဖြင့် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်းစစ်ရေး သတိရှိ၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ရှိ နေရ မည်ဖြစ်သည်”ဟု ၎င်း၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

ယနေ့ ကျရောက်သော ၇၅ နှစ်မြောက်စိန်ရတု တပ်မတော်နေ့ အခမ်းအနားကို Covid 19 ရောဂါကြောင့် မကျင်းပတော့ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com