Election Local News Web TV

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၆ လချမှတ်ခံရတဲ့ ကြံ့ခိုင်ရေးအမတ်ဦးတင်စိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရတော့(ရုပ်/သံ)

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၆ လချမှတ်ခံရတဲ့ ကြံ့ခိုင်ရေးအမတ်ဦးတင်စိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရတော့(ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၃

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ရေးပါတီမှ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ပျော်ဘွယ်မြို့နယ်တရားရုံးမှ ထောင်ဒဏ်(၆)လ ချမှတ်လိုက်ပြီး ရမည်းသင်းအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အခုလို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်ချမှတ် ခံရပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ရပ်တည်ခွင့်မရှိတော့ဘူးလို့ သိရပါတယ်။

“ထောင်ဒဏ်ကျခံရင်တော့ လွှတ်တော်ကိုယ်စားလှယ်ဘဝကတော့ စွန့်လွှတ်လိုက်ရမှာပါ၊ ကိုယ်စားလှယ်တစ်ယောက်အဖြစ်လည်း မရှိတော့ပါဘူး”လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောဆိုပါတယ်။

ပျော်ဘွယ်မြို့နယ် တရားရုံးမှာ စစ်ဆေးတဲ့အခါ ပြစ်မှုမြောက်နေပြီး၊ ဦးတင်စိုးကို စစ်ဆေးတဲ့အခါမှာလည်း ငြင်းဆိုခြင်းမရှိတဲ့အတွက် ကျန်းမာရေးနဲ့ အသက်အရွယ်ကို ထောက်ရှုတဲ့အနေနဲ့ ထောင်လ(၆)လ ချမှတ်ခဲ့တာလို့ သိရကြောင်း ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးညီညီလွင်က ပြောပါတယ်“”

“ဦးတင်စိုးကို စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားသူကြီးက ပြစ်မှုမြောက်တယ်၊ သို့သော်လည်း တရားခံဟာ မငြင်းဆိုဘူး၊ သူရဲ့ကျန်းမာရေးနဲ့ အသက်အရွယ် ထောက်ရှုပြီး ထောင်ဒဏ်(၆)လ ကျခံစေလို့ အမိန့်ချမှတ်လိုက်ပါတယ် ”လို့ ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးညီညီလွင်က ပြောဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြည်တည်ကျေးရွာမှာ ၂၀၁၈-ခုနှစ် နိုဝင်ဘာ(၂၃)ရက်နေ့က ကျေးရွာဖွံ့ဖြိုးရေးအတွက်ပြုလုပ်တဲ့ဟောပြောပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးဟာ ဘာသာရေးအကြောင်းပြပြီး ကျေးရွာပြည်သူလူထုကို ထိတ်လန့်အောင်ပြောဆိုချက်တွေနဲ့ အစိုးရကို မဟုတ်မမှန်သည့် ကောလဟလတွေနဲ့ အကြည်ညိုပျက်စေတဲ့စကားတွေ ပြောဆိုခဲ့တာကို NLD ပါတီ ရမည်းသင်းခရိုင် ဥက္ကဋ္ဌ ဦးညီညီလွင်က ပျော်ဘွယ်မြို့နယ် တရားရုံးကို ပုဒ်မ ၅၀၅ (ခ)နဲ့ အရေးယူပေးဖို့ ၂၀၁၈-ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီးနောက် ဒီနေ့မှာ အမိန့်ချမှတ် ခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေတန် ရာသည့် အကြောင်းရှိလျှင် ထိုသူကို (၂)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အၾကည္ညဳိပ်က္ေစမႈနဲ႔ ေထာင္ဒဏ္ ၆ လခ်မွတ္ခံရတဲ့ ႀကံ့ခုိင္ေရးအမတ္(ရုပ္/သံ)

ႏုိင္ငံေတာ္အၾကည္ညဳိပ်က္ေစမႈနဲ႔ ေထာင္ဒဏ္ ၆ လခ်မွတ္ခံရတဲ့ ႀကံ့ခုိင္ေရးအမတ္ဦးတင္စုိး လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ရပ္တည္ခြင့္မရေတာ့(ရုပ္/သံ)ရန္ကုန္၊ မတ္ ၁၃ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)နဲ႔ တရားစြဲဆိုခံထားရတဲ့ မႏၲေလးတိုင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ႀကံ့ခုိင္ေရးပါတီမွ အမွတ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္စိုးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)နဲ႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တရား႐ုံးမွ ေထာင္ဒဏ္(၆)လ ခ်မွတ္လိုက္ၿပီး ရမည္းသင္းအက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္တယ္လို႔ သိရပါတယ္။အခုလို လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးဟာ ျပစ္မႈထင္ရွားလို႔ ေထာင္ဒဏ္ခ်မွတ္ ခံရၿပီဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အျဖစ္ ရပ္တည္ခြင့္မရွိေတာ့ဘူးလို႔ သိရပါတယ္။“ေထာင္ဒဏ္က်ခံရင္ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ဘဝကေတာ့ စြန္႔လႊတ္လိုက္ရမွာပါ၊ ကိုယ္စားလွယ္တစ္ေယာက္အျဖစ္လည္း မရွိေတာ့ပါဘူး”လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးေအာင္ေက်ာ္ဦးက ေျပာဆုိပါတယ္။ေပ်ာ္ဘြယ္ၿမိဳ႕နယ္ တရား႐ုံးမွာ စစ္ေဆးတဲ့အခါ ျပစ္မႈေျမာက္ေနၿပီး၊ ဦးတင္စိုးကို စစ္ေဆးတဲ့အခါမွာလည္း ျငင္းဆိုျခင္းမရွိတဲ့အတြက္ က်န္းမာေရးနဲ႔ အသက္အ႐ြယ္ကို ေထာက္ရႈတဲ့အေနနဲ႔ ေထာင္လ(၆)လ ခ်မွတ္ခဲ့တာလို႔ သိရေၾကာင္း ရမည္းသင္းခ႐ိုင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဥကၠဌ ဦးညီညီလြင္က ေျပာပါတယ္“”“ဦးတင္စိုးကို စြဲဆိုထားတဲ့အမႈနဲ႔ပတ္သက္ၿပီး တရားသူႀကီးက ျပစ္မႈေျမာက္တယ္၊ သို႔ေသာ္လည္း တရားခံဟာ မျငင္းဆိုဘူး၊ သူရဲ႕က်န္းမာေရးနဲ႔ အသက္အ႐ြယ္ ေထာက္ရႈၿပီး ေထာင္ဒဏ္(၆)လ က်ခံေစလို႔ အမိန္႔ခ်မွတ္လိုက္ပါတယ္ ”လို႔ ရမည္းသင္းခ႐ိုင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဥကၠဌ ဦးညီညီလြင္က ေျပာဆိုပါတယ္။မႏၲေလးတိုင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ၾကည္တည္ေက်း႐ြာမွာ ၂၀၁၈-ခုႏွစ္ ႏိုဝင္ဘာ(၂၃)ရက္ေန႔က ေက်း႐ြာဖြံ႕ၿဖိဳးေရးအတြက္ျပဳလုပ္တဲ့ေဟာေျပာပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္စိုးဟာ ဘာသာေရးအေၾကာင္းျပၿပီး ေက်း႐ြာျပည္သူလူထုကို ထိတ္လန႔္ေအာင္ေျပာဆိုခ်က္ေတြနဲ႔ အစိုးရကို မဟုတ္မမွန္သည့္ ေကာလဟလေတြနဲ႔ အၾကည္ညိဳပ်က္ေစတဲ့စကားေတြ ေျပာဆိုခဲ့တာကို NLD ပါတီ ရမည္းသင္းခ႐ိုင္ ဥကၠ႒ ဦးညီညီလြင္က ေပ်ာ္ဘြယ္ၿမိဳ႕နယ္ တရား႐ုံးကို ပုဒ္မ ၅၀၅ (ခ)နဲ႔ အေရးယူေပးဖို႔ ၂၀၁၈-ခုႏွစ္ ဒီဇင္ဘာ ၂၇ ရက္ေန႔တြင္ ဦးတိုက္ေလွ်ာက္ထားခဲ့ၿပီးေနာက္ ဒီေန႔မွာ အမိန္႔ခ်မွတ္ ခဲ့တာလည္းျဖစ္ပါတယ္။ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(ခ)မွာ ႏိုင္ငံေတာ္ အစိုးရကိုျဖစ္ေစ၊ ႏိုင္ငံေတာ္ၿငိမ္ဝပ္ ပိျပားေရးကိုျဖစ္ေစ ထိခိုက္သည့္ ျပစ္မႈကို တစ္ဦးတစ္ေယာက္ေသာသူက က်ဴးလြန္ခ်င္လာေအာင္ အမ်ားျပည္သူကို ေသာ္လည္းေကာင္း၊ အမ်ားျပည္သူ၏ သီးျခားလူစုကိုေသာ္လည္းေကာင္း ေၾကာက္ျခင္း၊ထိတ္လန႔္ျခင္း တစ္ခုခုျဖစ္ေစရန္ အႀကံရွိလွ်င္ သို႔မဟုတ္ ထိုသို႔ျဖစ္ေစတန္ ရာသည့္ အေၾကာင္းရွိလွ်င္ ထိုသူကို (၂)ႏွစ္ထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားပါတယ္။www.khitthitnews.com

Posted by Khit Thit Media on Friday, 13 March 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts