All News Local News

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီး ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရန် NLD ကြိုးစားမှု လွှတ်တော်တွင် ထောက်ခံမဲ ၃၉၃ မဲဖြင့် ရှုံးနိမ့်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီး ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရန် NLD ကြိုးစားမှု လွှတ်တော်တွင် ထောက်ခံမဲ ၃၉၁ မဲဖြင့် ရှုံးနိမ့်

ရန်ကုန်၊ မတ် ၁၁

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးနေသည့် သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရန်အတွက် ထောက်ခံမဲ ၃၉၃ မဲ ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းမကျော်၍ ပြင်ဆင်ရေးသည် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ရှုံးနိမ့်သွားပြီဖြစ်သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ခဲ့ရာ ပြင်ဆင်ချက် ပုဒ်မများအားလုံး ထေက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခြင်းမရှိ၍ မူလအတိုင်းသာ ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်က ကြေညာသည်။

အခြေခံဥပဒေ ပုဒ်မများကို ပြင်ဆင်ရန် မဲခွရာတွင် ဦးစိုင်းသန်းနိုင် ပြင်ဆင်ရေး တင်သွင်းသော ပုဒ်မ ၅၉ (ဂ) ပင်ဆင်ရေး အဆိုအတွက် ထောက်ခံမဲ ၂၁၄ မဲ၊ ဦးထွန်းထွန်းဟိန်း ပြင်ဆင်ရေး အဆိုဖြစ်သော ပုဒ်မ ၉၅ (ဂ) ပြင်ဆင်ရေး ထောက်ခံမဲ ၄၁၅ မဲ ရရှိပြီး နှစ်ဦးစလုံး၏ ပြင်ဆင်ချက်များမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်၍ မူလအတိုင်းထားရှိရန် ဆုံးဖြတ်ခဲ့သည်။

အလားတူ ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေးမှုအတွက် ထောက်ခံမဲ ၄၁၅ မဲ၊ ပုဒ်မ ၅၉ (စ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၉၃ မဲ၊ ပုဒ်မ ၁၀၉ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၂ မဲ၊ ပုဒ်မ ၁၄၁ (ခ) ပြင်ဆင်ရေးအတွက် ထောက်ခံဆန္ဒမဲ ၄၁၂မဲ၊ ပုဒ်မ ၁၆၁ (ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄မဲ၊ ပုဒ်မ ၂၀၁ အစုခေါင်းစဉ် ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၁၃မဲ သာရရှိ၍ ပြင်ဆင်မှုများအားလုံး ရှုံးနိမ့်သွားသည်။

ထို့ပြင် ပုဒ်မ ၂၀၁ (ဆ)-၁ အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁မဲ၊ ပုဒ်မ ၂ဝ၁ (ဆ)-၁ အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁မဲ၊ ပုဒ်မ ၂၀၁ (ဋ္ဋ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၉မဲ၊ ပုဒ်မ ၂၀၁ -(က) အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ၂၁၆မဲ၊ ပုဒ်မ ၂၄၈ (ဂ) ခြေစာရင်းပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၆မဲ၊ ပုဒ်မ ၂၉၄ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃မဲ၊ ပုဒ်မ ၄၁၀ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄ဝ၈မဲ၊ ပုဒ်မ ၄၁၁(ခ) ၏နောက်တွင် ပုဒ်မခွဲ (ဂ) အသစ်ပြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၀မဲ သာရရှိပြီး ပြင်ဆင်မှုအားလုံး အထမမြောက်ဘဲ မူလအတိုင်းသာ ထားရှိရမည်ဖြစ်သည်။

Photo Credit – spfusa.org

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts