All News Health interview

ထိုင်းဘက်မှ မြန်မာအလုပ်သမားများကို ပြန်လွှတ်နေပြီး မြဝတီဂိတ်ပိတ်ရန်မရှိဘဲ ပြန်ဝင်လာသမျှ လက်ခံမည်

ထိုင်းဘက်မှ မြန်မာအလုပ်သမားများကို ပြန်လွှတ်နေပြီး မြဝတီဂိတ်ပိတ်ရန်မရှိဘဲ ပြန်ဝင်လာသမျှ လက်ခံမည်

By ရန်ကုန်ခေတ်သစ်

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားအများစု ကိုဗစ်Covid 19 ရောဂါကြောင့် နေရပ်သို့ ပြန်လာနေရာ အစိုးရဘက်ကလည်း ဂိတ်ပိတ်ခြင်းမရှိဘဲ လက်ခံပေးလျက်ရှိသည်။ မြဝတီမြို့ အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတွင် နေ့စဉ် မြန်မာအလုပ်သမားထောင်ချီ ပြန်လာနေပြီး ယင်းအခြေအနေများနှင့်ပတ်သက်၍ မြဝတီမြို့မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မြဝတီမြို့နယ် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်

မေး။ ။ မြဝတီဂိတ်က မတ်လ ၂၅ ရက်နေ့က အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ မြန်မာ ၄၀၀၀ ကျော်ဝင်တယ်။

မေး။ ။ ဒီမြဝတီဂိတ်က ဖွင့်ပေးတာ ဒီနေ့နောက်ဆုံးပဲလား။ ဘယ်လိုလဲ။

ဖြေ။ ။ မဟုတ်ဘူး။ ကျွန်တော်တို့ ထပ်ပြီးထပ်လွှတ်ရမယ်။ ဟိုဘက်ကထပ်ပြီးလွှတ်အုန်းမှာ ဟုတ်တယ်။

မေး။ ။ ဘယ်လိုမျိုးကြောင့် ထပ်လွှတ်မှာလဲ။

ဖြေ။ ။ သူတို့ကတော့ ဒီဘက်ကို ကျွန်တော်တို့ နိုင်ငံသားတွေကို ရှင်းရှင်းပြောရရင် သူတို့နိုင်ငံက ရှင်းထုတ်ချင်တာပေါ့။

မေး။ ။ ထိုင်းဘက်က ဗီဇာနဲ့ ပတ်သက်တဲ့ ထောက်ခံချက်တွေ အခမဲ့ ထုတ်ပေးပြီး ၃လနေထိုင်ခွင့်ပေးထားတယ်ဆို အဲသဘောတူညီချက်ကမရှိတော့တာလား။

ဖြေ။ ။ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံကသူတွေကလည်းပြန်လာတယ်။ ပြန်လာတဲ့အတွက်ကြောင့် သူတို့ကရှင်းရှင်းပြောရင် ကျွန်တော်တို့နိုင်ငံကသူတွေကို ပေးပြန်ချင်တဲ့သဘောပေါ့။ နောက်နေ့တွေလည်း ထပ်ဝင်ဖို့ ရှိသေးတာပေါ့။ အခုကတော့ အဲလိုပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ဆီက တစ်စုံတစ်ရာမထုတ်ပြန်သေးသမျှ ကျွန်တော်တို့က ဒီလိုပဲသွားနေမှာပေါ့။

မေး။ ။ အစိုးရဘက်က ပိတ်ဖို့ တရားဝင်မပြောသေးတာလား။

ဖြေ။ ။ ကျွန်တော်တို့ လူကြီးတွေကိုယ်တိုင်ကလည်း ကိုယ့်နိုင်ငံသားတွေဆိုတော့ ပေးဝင်ရမယ်ဆိုတာရှိတော့ နယ်စပ်တံခါးကိုပိတ်ပြီး မနက်ဖြန်ဘယ်သူ့မှ ပေးမဝင်တော့ဘူးဆိုတာ မဟုတ်ဘူး။

မေး။ ။ ဘယ်နေ့နောက်ဆုံးထားပြီး ဖွင့်ပေးမှာလဲ။

ဖြေ။ ။ အဲတာတွေက ပြည်နယ်အစိုးရအဖွဲ့က တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောထားဖြစ်တယ်ပေါ့။ ဘယ်နေ့နောက်ဆုံးလည်းဆိုတာပြောလို့မရသေးဘူး။

မေး။ ။ လူဦးရေ ဘယ်လောက်လောက်ထိပြန်လာဖို့ရှိလဲ။

ဖြေ။ ။ သူတို့ကတောက်လျောက် ပြန်လာနေတာပဲ အဲတာတော့ မခန့်မှန်းတတ်ဘူး။

မေး။ ။ ဒီနေ့ထိပြန်ဝင်လာတဲ့သူစုစုပေါင်း ဘယ်လောက်လောက်ရှိသွားပြီလဲ။

ဖြေ။ ။ ၂သောင်းကျော်တယ်။

မေး။ ။ ဒီနေ့ပြန်လာတဲ့ထဲမှာ သံသယ ရောဂါလက္ခဏာတွေတွေ့ရတဲ့သူတွေရှိလား။

ဖြေ။ ။ ကျွန်တော်တို့ဆီမှာ စောင့်ကြည့်လူနာတော့ရှိတယ်။ ချောင်းဆိုတာ အပူချိန်မြင့်တက်တာပေါ့။ ၂ဦးရှိတယ်။ ဒီနေ့ပေါ့။

မေး။ ။ အခုပြန်လာတဲ့သူတွေကိုကော ဘယ်လိုတွေ ဆောင်ရွက်ပေးထားလဲ။

ဖြေ။ ။ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းကိုပြန်ဖို့ ကျွန်တော်တို့ ကားတွေစီစဉ်ပေးထားတယ်။ မြဝတီမှာ နေတဲ့သူတွေကျတော့ လက်ရှိလာတဲ့သူတွေကို ရှင်းထားမှဖြစ်မှာ အဲတော့သက်ဆိုင်ရာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် အသီးသီးကိုပြန်လွှတ်ပေါ့။ ကျွန်တော်တို့ မြဝတီတွင်းမှာ နေတဲ့သူတွေကိုတော့ သူတို့နေအိမ်တွေမှာ ၁၄ရက်စောင့်ကြည့်မှုတွေလုပ်မယ်။ ပြန်လာတဲ့သူတွေ အားလုံးကို ၁၄ရက်အတွင်းအိမ်ကနေ အပြင်မထွက်ဖို့နဲ့ ကိုယ်မိသားစုတွေနဲ့ ခွဲနေဖို့ ကျွန်တော်တို့ ဒီကနေပြီးတော့ မှာတော့မှာလိုက်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအကုန်လုံး သူတို့ကိုပြောလိုက်တယ်။

မေး။ ။ ပြည်သူတွေကလည်း အခုပြန်ဝင်လာတဲ့ သူတွေကို ရောဂါပိုးပါလာမလားဆိုပြီး စိုးရိမ်နေကျတယ်။ ဒီပေါ်ဘာများပြောချင်လဲ။

ဖြေ။ ။ အကုန်လုံးကတော့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကိုယ့်နိုင်ငံသားတွေဆိုတဲ့အသိနဲ့ ကျွန်တော်တို့က လုပ်ပေးနေတာပေါ့။ နောက်တစ်ခုကလည်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေလည်း စိုးရိမ်မှုတွေကတော့ မြင့်တက်တာပေါ့။ တစ်ဖက်ကဝင်လာတာကလည်း ကျွန်တော်တို့နိုင်ငံသားတွေ တစ်ဖက်မှာလည်းကျွန်တော်တို့နိုင်ငံသားတွေကလည်း ကူးစက်မှာလည်းကြောက်တယ်ပေါ့။ လက်ရှိမှာလည်း တွေ့ထားပြီဆိုတော့ နောက်ဆုံး ကျွန်တော်တို့က ကျွန်တော်ရဲ့ ကူးစက်ခံရမှုတောင် တာဝန်ရှိတဲ့လူတွေအကုန်လုံးကလည်း လုပ်နေတဲ့သူတွေအကုန်လုံးက မကြောက်ဘဲနဲ့ ဆောင်ရွက်နေကျတာပေါ့။ ကျွန်တော်တို့ကိုယ်တိုင်က ရှင်းရှင်းပြောရရင် ဒါနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေရှိတာပေါ့။

မေး။ ။ ပြန်လာတဲ့သူတွေက ခြံစည်းရိုးကိုကျော်တက်တာတွေ အဲလိုဖြစ်စဉ်တွေမဖြစ်အောင် ဘယ်လိုထိန်းသိမ်းသွားဖို့ရှိမလဲ။

ဖြေ။ ။ မနေ့ကဖြစ်တာကတော့ ကျွန်တော်တို့ လက်ခံလူတွေက မလာတော့တာတော့မဟုတ်ဘူး။ နည်းနည်းပါးပါးပဲလာရင်လက်ခံတော့မယ်ပေါ့။ အဲချိန်မှာ လူက ၄ထောင်လောက်ဖြစ်သွားတယ်။ အဲလိုပြုံပြီးဝင်လာတော့ ကျွန်တော်တို့ ချက်ခြင်းနေရာတွေပြန်လုပ် ခုံတွေပြန်ဆီဆိုတော့ ကားတွေပြန်ခေါ်ရတာတွေလုပ်ရတယ်။ ကျွန်တော်တို့ လုပ်ဆောင်ပေးမှုတွေကို ပူးပေါင်းဆောင်ရွက်မှု အားနည်းတာပေါ့။ ကိုယ်အတ္တကိုရှေ့တန်းတင်တာပေါ့။

ကျွန်တော်တို့လုပ်နေတယ်ဆိုတာ သူတို့အတွက်ပဲလုပ်နေတာလေ ကိုယ်နိုင်ငံသားကို ချစ်တဲ့စိတ်တစ်ခုနဲ့ အားလုံးကဆောင်ရွက်နေကျတာ ပူးပေါင်းပါဝင်မှုအားနည်းတော့ ကိုယ်ကအရင်ပြန်ရရေး လုပ်ကျတော့ ကျွန်တော်တို့အတွက်လည်းမကောင်းဘူးပေါ့။ နောက်တစ်ခုက သူတို့ကိုယ်တိုင်အတွက်လည်း ဒီမှာကသူတို့ စစ်ဆေးမှုတွေ လုပ်ပြီးသွားပြီပေါ့။ အဲလိုစစ်ပြီးတော့မှ ဟိုဖက်ဂိတ်ပေါက်ကိုရောက်တာပေါ့။ အဲလိုလုပ်ဆောင်တော့ ပြည်သူလူထုတွေ စိုးရိမ်မှုလည်း ပိုဖြစ်စေတာပေါ့။ ပြည်သူတွေက ဆေးကောစစ်ရောစစ်ရဲ့လား။ သူတို့မှာ ရောဂါရှိလို့ပဲ ထွက်ပြေးတာလား။ ပြောဆိုကျတာပေါ့။ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြစ်ချင်တဲ့ဆန္ဒလေးတွေပြောရင်လည်း ဖြစ်အောင် လုပ်ပေးလို့ရပါတယ်။

ကျွန်တော်တို့က သွားမယ့်ခရီးစဉ်တွေ အကုန်လုံးကို ကျွန်တော်တို့က စီစဉ်ပေးတာကို ကျွန်တော်တို့ စီစဉ်မှုကို မလိုက်နာပဲနဲ့ ကျော်တက်ကျတာပေါ့။ ရဲတွေကဘာလို့မရှိတာလဲဆိုတော့ ဂိတ်က နှစ်ပေါက်မှာ ရဲကသုံးယောက်လားမသိဘူးရှိတယ်။ ချက်ခြင်းကြီးဖြစ်သွားတော့ အဲလောက်ပဲစီစဉ်နိုင်တာပေါ့။ ရဲတွေကိုတောင် ကန်သွားတယ်လို့တောင် ကြားတယ်။ သူတို့ ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့အခါမှာ ကျော်တက်ကျော်တက်လာလာတက်တက် ထွက်ထွက်ဆိုပြီး အော်တဲ့အခါကျတော့ အပြင်မှာရှိတဲ့သူတွေကလည်း ကျန်းမာရေးအသိ ကျန်းမာရေးသတိကို အားနည်းတာပေါ့။

သူများနိုင်ငံမှာဆိုရင် အိမ်ထဲက အိမ်ပြင်တောင် ထွက်လို့မရဘူး။ အကုန်လုံးကကြောက်နေကျတာ ကျွန်တော်တို့မှာက ကြောက်တော့ကြောက်တယ်။ ကြောက်ကြည့်တွေပေါ့ဗျာ။ အဲလိုပုံစံမျိုးဖြစ်နေတာပေါ့။ တကယ်တမ်းတော့ မကြောက်ဘူးလားဆိုတော့ ကြောက်တယ်။ ကြည့်လည်းကြည့်ချင်တယ် အဲလိုပုံစံမျိုးဖြစ်နေတာပေါ့။ အခုက ကူးစက်ရောဂါတောင်မှ လူကနေလူကို လျှင်မြန်စွာနဲ့ ကူးစက်နိုင်တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူတစ်ရပ်လုံးပူးပေါင်းဆောင်ရွက်မှရမှာ လာနေတဲ့သူတွေကလည်း ကျွန်တော်တို့နိုင်ငံသားမို့လို့ ကျွန်တော်တို့လုပ်နေတယ် ကျွန်တော်တို့ စည်းကမ်းအတိုင်းသွားပေါ့။

သူတို့အခက်အခဲတွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို ကျွန်တော်တို့က ဖြေရှင်းပေးနေတာ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အလေးထားခြင်းဖြင့် လည်းကောင်း မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ စိုးရိမ်မှုကို လျော့ချနိုင်မှာအတွက် ပူးပေါင်းဆောင်ရွက်ကျဖို့လိုတာပေါ့။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ နိုင်ငံသားဆိုတဲ့အသိတစ်ခုနဲ့ ကျွန်တော်တို့က ကြိုဆိုနေမှာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com