All News China Watch Local News Peace

တရုတ်၀မ်ပေါင်၏ လက်ပံတောင်းစီမံကိန်းမြေဧက ရှစ်ထောင်နီးပါးငှားရမ်းခ တစ်နှစ်ငွေ ၂၈ သိန်းကျော်ကို တိုးမြှင့်ရန်တောင်းဆိုမှု ကာကွယ်ရေး၀န်ကြီးဌာန အဖြေတိကျစွာ မပေး

တရုတ်၀မ်ပေါင်၏ လက်ပံတောင်းစီမံကိန်းမြေဧက ရှစ်ထောင်နီးပါးငှားရမ်းခ တစ်နှစ်ငွေ ၂၈ သိန်းကျော်ကို တိုးမြှင့်ရန်တောင်းဆိုမှု ကာကွယ်ရေး၀န်ကြီးဌာန အဖြေတိကျစွာ မပေး

ရန်ကုန်၊ မတ် ၈

တရုတ်၀မ်ပေါင်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြန်မာ့စီပွားရေး ဦးပိုင်လိမီတက် နှင့် ဝမ်ပေါင်ကုမ္ပဏီ က မြေဧက ၇၈၆၇ ကျော်ငှားရမ်းမှုအတွက် နိုင်ငံတော်သို့ တစ်နှစ်လျှင် ငွေကျပ် ၂၈၃၀၀၀၀ ကျော်သာရရှိ၍ နိုင်ငံတော်အတွက် နစ်နာမှုများအတွက် တိုးမြှင့်ပေးရန် တောင်းဆိုမှုကို ကာကွယ်ရေး၀န်ကြီးဌာနဘက်က အဖြေတိကျစွာ မပေးဘဲ နှုတ်ဆိတ်နေခဲ့သည်။

မတ်လ ၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်၏ မေးမြန်းမှုကို ကာကွယ်ရေး၀န်ကြီးဌာန ဒု၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ဖြေကြားစဉ် မြေငှားခ တိုးမြှင့်ပေးရန် တောင်းဆိုမှုကို တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။

ယင်းမြေ ဧက ၇၈၆၇ ကျော်ကို မြန်မာ့ စီးပွားရေးဦးပိုင်လိမိတက် (ကြေးနီသတ္တုတွင်းလုပ်ငန်းမုံရွာ)အမည်ဖြင့် မုံခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက နှစ်ပေါင်း ၆၀ မြေငှားစာချုပ်ဖြင့် ၂၀၁၂ ခုနှစ်က စတင်ကာ ငှားရမ်းပေးထား ခြင်းဖြစ်ပြီးယင်းမြေများသည် ဒေသခံ တောင်သူများထံမှ ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် သိမ်းယူထားသည့် မြေများဖြစ်သည်။

အဆိုပါ မြေငှားရမ်းခမှာ ခေတ်ကာလ ပေါက်ဈေးနှင့်ကိုက်ညီခြင်း မရှိသောကြောင့် နိုင်ငံအတွက် နစ်နာမှုများ စွာရှိကြောင်း၊ ကြေးနီစီမံကိန်း၏ ၂၀၁၇ ခုနှစ်စာရင်းများအရ တစ်နှစ်လျှင် ကြေးနီ မက်ထရစ်တန် ၂၄၅၄၉ တန်ထုတ်လုပ်နိုင်သောကြောင့် အမေရိကန်ဒေါ်လာ ၁၄၆ သန်း ဝင်ငွေရရှိနေသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

“ ခေတ်ကာလ ပေါက်ဈေးနဲ့ ဆို အလွန်နည်းပါးနေပါတယ်။နိုင်ငံတော်အတွက်နစ်နာဆုံးရှုံးမှုများစွာရှိနေတယ် ပြင်ပေးနိုင်မလား။ ပြင်ဆင်ပေးဖို့ အစီစဉ်ရှိမရှိကိုမေးချင်ပါတယ်”ဟုဦးရဲထွဋ်က လွှတ်တော်မှတဆင့်မေးခွန်း ထုတ်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေသိမ်းယူခံထားရသော တောင်သူများအချို့ မှာလက်ရှိ အချိန်ထိ လယ်ယာလျော်ကြေးငွေ၊ သီးနှံလျော်ကြေးငွေများ ထုတ်ယူခြင်းမရှိသေးကြောင်း ၊ လယ်ယာမြေလျော်ကြေး ၊သီးနှံလျော်ကြေး မထုတ်ယူရသေးသော လယ်ယာမြေဧက ၈၀၀ ကျော်နှင့် တောင်သူလယ်သမား ၄၀၀ ကျော် ရှိနေပြီး အဆိုပါ လယ်သမား များအတွက်ခေတ်ကာလ ပေါက်ဈေး ဖြင့် လျော်ကြေးပေးရန်အစီစဉ်ရှိမရှိလည်း ဦးရဲထွဋ် က မေးမြန်းသော်လည်း တိကျသော အဖြေမပေးခဲ့ပေ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts