All News Local News Peace

တရားမျှတမှု တောင်းဆိုသော ရခိုင်လူငယ် ကိုသန်းလှ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရ

တရားမျှတမှု တောင်းဆိုသော ရခိုင်လူငယ် ကိုသန်းလှ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရ

ရန်ကုန်, မတ် ၂၁

ရခိုင်တိုက်ပွဲကာလအတွင်းမတရားဖမ်းဆီးတာတွေ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ စစ်ကြောရေးနဲ့ စစ်ဆင်ရေး တွေမှာ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့ တောင်းဆိုခဲ့တဲ့ ရခိုင်လူငယ်တဦးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်ပါတယ်။

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ဥက္ကဋ္ဌ ကိုသန်းလှ(ခေါ်) မင်းဘာချေကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ၆ လကြာတရားရင်ဆိုင်ခဲ့ရပြီးနောက်မှာ မတ်လ ၂၀ ရက်နေ့ မှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေဒဏ် ၂ သောင်းကျခံစေဖို့ အမိန့်ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။

ကိုသန်းလှဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့နဲ့ ဆရာတော်ဦးဥတ္တမပန်းအတွင်းခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်အတဲ့အတွက် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ စစ်တွေမြို့မရဲစခန်းကရဲတပ်ဖွဲ့တွေက တရားလိုလုပ်ပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်တရားရုံးကတော့ ကိုသန်းလှကိုတော့ စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ငွေဒဏ် ၂ သောင်း၊ သိုမဟုတ် ထောင်ဒဏ် ၁၅ ရက်ကျဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဆရာတော်ဦးဥတ္တမပန်းခြံမှာပြုလုပ်တဲ့ ဆန္ဒထုတ်ဖော် အတွက်ငြိမ်း၊စု၊စီနဲ့ မငြိစွန်းတဲ့အတွက်အပြီးသတ်လွှတ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ကိုသန်းလှက ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့အတွက် ငွေဒဏ်မဆောင်ဘဲ ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေကဆိုပါတယ်။

မြောက်ဦးမြို့မှာပြည်သူတွေဆန္ဒထုတ်ခဲ့တာနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးပစ်ခတ်နှိမ်နင်းခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့အပေါ် ကိုသန်းလှကပြည်နယ်အစိုးရရုံးရှေ့မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဇန်နဝါရီ ၁၇ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

အလားတူပဲ တပ်မတော်ကမတရားဖမ်းဆီးတာတွေ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ စစ်ကြောရေးနဲ့ စစ်ဆင်ရေး တွေမှာ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနစ် ဇူလိုင် ၁ ရက်နေ့ စစ်တွေမြို့၊ ဦးဥတ္တမခန်းခြံအတွင်း ရခိုင်လူငယ်တွေနဲ့အတူ သရုပ်ပြကမ်ပိန်းလှုပ်ရှားမှုတရပ် ပြုလုပ် တောင်းဆိုခဲ့ပါတယ်။

ကိုသန်းလှကိုတော့ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်စက်တင်ဘာလ က ရဲတပ်ဖွဲ့တွေက တရားစွဲခဲ့တာဖြစ်ပြီး အပြီးသတ်ရုံးချိန်းကိုတော့ မတ်လ၂၀ ရက်နေ့မှာ ချမှတ်လိုက်တာဖြစ်ပါတယ်။ အမိန့်ချမှတ်လို့ အပြီးမှာတော့ကိုသန်းလှကို စစ်တွေအကျဉ်းထောင်ကိုပို့ဆောင်လိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts