All News Local News Peace

တပ်ရင်းမှူးအပါအဝင် တပ်မတော်သား ၂၀ ဦးကို ဖမ်းဆီးထားဟု AA သတင်းထုတ်ပြန်၊ တပ်မတော်ဘက်မှ တုံ့ပြန်မှု မရသေး

တပ်ရင်းမှူးအပါအဝင် တပ်မတော်သား ၂၀ ဦးကို ဖမ်းဆီးထားဟု AA သတင်းထုတ်ပြန်၊ တပ်မတော်ဘက်မှ တုံ့ပြန်မှု မရသေး

ရန်ကုန်၊ မတ် ၁၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီး၀ ဗျူဟာကုန်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်မှာ တစ်လ ကျော်ကြာမြင့်လာပြီဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် ခမရ ၇ မှ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ၂၀ ဦးကို ဖမ်းဆီးထားကြောင်း AA က သတင်းထုတ်ပြန်သည်။

၂၀၂၀ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင်မီးဝဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော မြန်မာ့တပ်မတော်၏စစ်ကြောင်းများထဲမှ တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) ၏ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော်အားလုံးစုစုပေါင်း(၂၀) ဦးခန့်အားလက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြားတို့အားသိမ်းဆည်းရမိခဲ့ကြောင်း၊ တပ်မတော်သား ၂၀ ကျော် ကျဆုံးကြောင်း၊ AA ဘက်မှလည်း အသက်စွန့်လွှတ်ရသည့် စစ်သည်များ ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်မှ တုံ့ပြန်ချက်ရရှိရန် ရန်ကုန်ခေတ်သစ်က ကြိုးစားဆက်သွယ်နေပြီး လတ်တလော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ကြိုးစား၍ ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts