All News Local News Peace

တပ်မတော်က ရိုက်တာသတင်းဌာနနှင့် ဧရာဝတီသတင်းဌာနကို တရားစွဲဆိုထားမှု ရုပ်သိမ်းမည်

တပ်မတော်က ရိုက်တာသတင်းဌာနနှင့် ဧရာဝတီသတင်းဌာနကို တရားစွဲဆိုထားမှု ရုပ်သိမ်းမည်

ရန်ကုန်၊ မတ် ၁၈

တပ်မတော်က ရိုက်တာသတင်းဌာနနှင့် ဧရာဝတီသတင်းဌာနကို တရားစွဲဆိုထားမှု ရုပ်သိမ်းဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တရားဝင် အကြောင်းကြားလာကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဟံသာဝတီ ဦးအုန်းကြိုင်က ပြောဆိုသည်။

ယနေ့နံနက်ပိုင်း မြန်မာသတင်းမီဒီယာကောင်စီရုံးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့က တပ်မတော်နဲ့ အမြဲပဲ ထိတွေ့ဆက်ဆံပြီး မီဒီယာတွေကို တရားစွဲတာတွေ မလုပ်ဖို့ ပြောထားတာတွေရှိပါတယ်။ ရိုက်တာသတင်းဌာနနဲ့ ဧရာဝတီသတင်းဌာနကို တရားစွဲတာ တွေရုပ်သိမ်းမယ်လို့ ဒီနေ့ နံနက်ပဲ တပ်မတော်ဘက်က အကြောင်းကြားလာပါတယ်။ ခင်ဗျားတို့ကို ခေါ်ပြီး အသိပေးချင်လို့ ခေါ်လိုက်တာ။ ကျနော်တို့ ထုတ်ပြန်ချက်လည်း ထုတ်မှာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သတင်းမီဒီယာကောင်စီသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပေးပို့သော စာကို ဖတ်ပြခဲ့ပြီး ယင်းစာတွင် တပ်မတော်က သတင်းမီဒီယာကောင်စီ၏ မေတ္တာရပ်ခံ အကြောင်းကြားမှု၊ တပ်မတော်နှင့်သတင်းမီဒီယာများအကြား ဆက်ဆံရေးနှင့် သတင်းမီဒီယာများ၏ စတုတ္တမဏ္ဍိုင်အဖြစ် ခိုင်မာစွာရပ်တည်နိုင်ရေး ဧရာဝတီသတင်းဌာနမှ ဦးရဲနည်အား ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုထားမှု၊ ရိုက်တာသတင်းဌာန၏ ဇန်နဝါရီလ ၂၅ ရက်နေ့ Two Rohingya Killed as Myanmar Army Shells Village : MP သတင်းအတွက် တရားစွဲထားမှုများကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ၏ ဖတ်ကြားမှုအရ သိရှိရသည်။

ဓာတ်ပုံ- MPFC

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts