တစ်ကမ္ဘာလုံးတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ သိန်းကျော်ပြီး ၁၃၀၀၀ ကျော်သေဆုံး၊ နိုင်ငံအများစုက အိမ်ပြင်မထွက်ဘဲ နေကြရန် နှိုးဆော်တားမြစ်

တစ်ကမ္ဘာလုံးတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ သိန်းကျော်ပြီး ၁၃၀၀၀ ကျော်သေဆုံး၊ နိုင်ငံအများစုက အိမ်ပြင်မထွက်ဘဲ နေကြရန် နှိုးဆော်တားမြစ်
ရန်ကုန်၊ မတ် ၂၂
တစ်ကမ္ဘာလုံးတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ သိန်းကျော်ရှိလာပြီး သေဆုံးသူ အရေအတွက်မှာလည်း ၁၃၀၀ ကျော်ရှိလာကြောင်း Johns Hopkins University က ထုတ်ပြန်ထားသည်။
လွန်ခဲ့သော တစ်ပတ်အတွင်းက ကူးစက်ခံရသူ ၁၅၆၃၉၆ ဦးရှိပြီး သေဆုံးသူသည် ၅၈၃၃ ဦးသာရှိကြောင်း ယခုအခါတွင်မူ ၃၀၇၂၇၈ ဦးပြီ းသေဆုံးသူ ၁၃၀၄၉ ဦးရှိကြောင်း သိရှိရသည်။
အီတလီနိုင်ငံတွင် သေဆုံးမှုအများဆုံးဖြစ်ပြီး ၄၈၂၅ ဦး ရှိလာပြီဖြစ်ကြောင်း၊ ယမန်နေ့ တစ်နေ့တည်းတွင်ပင် လူဦးရေ ၈၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ လတ်တလော အီတလီသည် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရှိရသည်။
လတ်တလော အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအများအပြားတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်မှုများရှိနေပြီး နိုင်ငံအများစုက အိမ်ပြင် မထွက်ကြရန်နှင့် အိမ်တွင်းတွင်သာ နေထိုင်ကြရန် နှိုးဆော်ခြင်း၊ တားမြစ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ- အီတလီတွင် ကော်ရိုနာဗိုင်းစ်ကြောင့် သေဆုံးသူများ။
Photo Credit – Getty Image
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ