interview Peace political news

“ဂုဏ်သိက္ခာဆယ်ဖို့အတွက် မြန်မာစစ်တပ်ဖက်ကနေပြီးတော့ အခုလိုမျိုးထုတ်ပြန်တာ။မီးဝဗျူဟာကုန်းစခန်းကို စစ်ကူတွေဘာတွေကတော့ မရောက်သေးဘူး”

“ဂုဏ်သိက္ခာဆယ်ဖို့အတွက် မြန်မာစစ်တပ်ဖက်ကနေပြီးတော့ အခုလိုမျိုးထုတ်ပြန်တာ။မီးဝဗျူဟာကုန်းစခန်းကို စစ်ကူတွေဘာတွေကတော့ မရောက်သေးဘူး”

ရခိုင်တပ်တော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

တပ်မတော်က AA၏ အိပ်မက်ဖြစ်သော 2020 Arakan Dream ကို ပလက်ဝရှိ မီးဝဗျူဟာကုန်း စခန်းကို ပိတ်ဆို့မှုကြားမှ ပြန်လည်ရရှိခြင်းဖြင့် ရိုက်ချိုးနိုင်ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရခိုင်တပ်တော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တပ်မတော်ဘက်က မီးဝဗျူဟာကုန်းကို AA ဘက်က ပိတ်ဆို့ထားတာ ကို ဖောက်ထွက်ပြီး စစ်ကူပေးနိုင်တယ် သတင်းထုတ်ပြန်ထားတယ်။ တိုက်ပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ မီးဝ တံတားထိပ်က မြန်မာစစ်တပ်ရဲ့ ဗျူဟာကုန်းပေါ့နော်။ ဒီလက်နက်ကြီးစခန်း အဲဒီတစ်ဝိုက်မှာတော့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့ကနေပြီးတော့ တိုက်ပွဲဖြစ်လာတာ အခုချိန်ထိဆိုရင်တော့ ရက်ပေါင်း ၄ဝကျော်ရှိနေပြီပေါ့။ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးစခန်းကို ကျွန်တော်တို့ဖက်ကနေပြီးတော့ ကျွန်တော်တို့ဖက်ကနေပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားတာတော့ရှိတယ်။

အဲတာကြောင့်မို့ မြန်မာစစ်တပ်ဖက်ကလည်း သူတို့ လက်နက်ကြီးစခန်းကို သူတို့စစ်ကူတွေ လက်နက်ခဲယမ်းမီးခြောက်တွေ ရိက္ခာတွေ ပို့နိုင်ဖို့အတွက် သူတို့တောက်လျောက် ကြိုးစားလာတာရှိတယ်။ ကျွန်တော်တို့ရဲ့ ဖြတ်တောက်ရေးစစ်ကြောင်းတွေကလည်း အပြင်းအထန် ဖြတ်တောက်တိုက်ခိုက်ထားတဲ့အတွက်ကြောင့်မို့လို့ အဲဒီဒေသတစ်ဝိုက်မှာ လက်နက်ကြီးစခန်း တစ်ဝိုက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတာ အခုဆိုရင် ရက်ပေါင်း ၄ဝကျော်ရှိနေပြီပေါ့။ မနေ့ကထိတော့ အဲဒီနေရာမှာ တိုက်ပွဲတွေက ဆက်ဖြစ်တုန်းပဲဗျ။

မြန်မာစစ်တပ်ဖက်က လေကြောင်းကလာပြီးတော့ မနေ့ကလည်း မနက်၁ဝနာရီလောက်မှာ လေကြောင်းကလာပြီးတော့ တိုက်ခိုက်မှုတွေ တောက်လျောက်လုပ်ခဲ့တာရှိတယ်။ နောက်လည်း အဲဒီဒေသတွင်းမှာတော့ တိုက်ပွဲတွေကတော့ အခုလည်းဆက်လက်ပြီး ဖြစ်နေတုန်းပဲဗျ။ ကျွန်တော်ထင်တာကတော့ မြန်မာစစ်တပ်ဖက်ကနေပြီးတော့ သူတို့တပ်ဖွဲ့တွေပ စိတ်ဓာတ်ရေးရာ တက်ကြွမှုတွေ ဖြစ်လာအောင်ပေါ့။ သူတို့ ကျရှုံးသွားတဲ့ စစ်ရေးအရ ရှုံးနိမ့်သွားတဲ့ ဂုဏ်သိက္ခာကို အဖက်ဆည်ဖို့အတွက် သူတို့ဖက်ကနေပြီးတော့ အဲလိုမျိုးလုပ်ကြံပြီးတော့ ထုတ်ပြန်တာပေါ့လို့ ကျွန်တော်တို့က နားလည်တာပေါ့။

မီးဝတံတားထိပ်က ဗျူဟာကုန်း လက်နက်ကြီးစခန်းက အဲဒီစခန်းကို ကျွန်တော်တို့ဖက်က အပြတ်အသတ်သိမ်းပိုက်လိုက်တာ မရှိသေးဘူး။ အဲဒီစခန်းကုန်းပေါ်က မြန်မာစစ်တပ်တွေက အခုချိန်ထိခုခံတုန်းပဲရှိသေးတယ်။ ဒါပေမယ့် အဲဒီခုခံံနေတဲ့အဖွဲ့တွေကို ကျွန်တော်တို့ဖက်ကနေပြီးတော့ ဒါဝိုင်းဝန်းပိတ်ဆို့ ုဖြတ်တောက်ထားတာတော့ ရက်၄ဝကျော်နေပြီပေါ့။ အနေအထားကတော့ အဲလိုအနေအထားပဲဗျ။ အဲဒီစခန်းရဲ့ ပတ်လည်မှာလည်း တိုက်ပွဲတွေကတော့ တောက်လျောက်ဆက်ဖြစ်တုန်းပဲ ကျွန်တော်သိသလောက်ကတော့ အဲဒီမီးဝဗျူဟာကုန်းစခန်းကို စစ်ကူတွေဘာတွေကတော့ အခုချိန်ထိမရောက်သေးဘူးလို့ ကျွန်တော်သိထားတာပေါ့။

မေး။ ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက် အပေါ်မှာ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ ။ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို သုံးသပ်လိုက်ရင် မြန်စစ်တပ်ဟာ ရခိုင်ဒေသမှာ စစ်ရေးအရ သူတို့ရှုံးနိမ့်မှုတွေ အထူးသဖြင့်တော့ ဒီရက်ပိုင်းမှာ မတ်လ ၁ဝရက်နဲ့ ၁၁ရက်တွေမှာ သူတို့ရဲ့ တပ်ရင်းတစ်ရင်းလုံး အပြတ်အသတ်ချေမှုန်းခံလိုက်ရတယ်။ လူ၃၈ ဦးလောက် သုံ့ပန်းအဖြစ်အဖမ်းခံရတယ်။ အဲတာမျိုးရှိတယ်။ အရာရှိတွေ အပါအဝင် တစ်ချို့လက်နက်ချတဲ့သူတွေ ဒါကြောင့်မို့လို့ ဒီဟာတွေကို ဂုဏ်သိက္ခာဆယ်ဖို့အတွက် မြန်မာစစ်တပ်ဖက်ကနေပြီးတော့ အခုလိုမျိုးထုတ်ပြန်တာလို့ပဲ ကျွန်တော်ကတော့ သုံးသပ်တာပေါ့။

ဒီနေ့မှာလည်း မီးဝဗျူဟာစခန်းရဲ့ အောက်ဖက်ပေါ့။ တင်းမရွာရဲ့ အောက်နားပေါ့။ အဲဒီမှာ ခပေါ်ရွာဆိုတာရှိတယ်။ အဲဒီဖက်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးတော့ဖြစ်နေတာရှိတယ်။ အဲဒီမှာ မြန်မာစစ်တက်ဖက်ကနေပြီးတော့ သူတို့ပို့လာတဲ့ စစ်ကူတွေနဲ့ ကျွန်တော်တို့ဖက်က တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts