Local News Peace political news

ခြေမြန်တပ်ရင်း ၇ မှ ဖမ်းဆီးခံထားရသော တပ်မတော်သားများနှင့် လက်နက်၊ စစ်အသုံးအဆောင်များ၏ ဓာတ်ပုံများ AA ထုတ်ပြန်

ခြေမြန်တပ်ရင်း ၇ မှ ဖမ်းဆီးခံထားရသော တပ်မတော်သားများနှင့် လက်နက်၊ စစ်အသုံးအဆောင်များ၏ ဓာတ်ပုံများ AA ထုတ်ပြန်

ရန်ကုန်၊ မတ် ၁၈

ရခိုင်တပ်တော်AAက မီးဝဗျူဟာကုန်းအနီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၀/၁၁) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၌ ဖမ်းဆီးရမိသော ပဲခူးတိုင်းအခြေစိုက် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၇) ထံမှ DSA အပတ်စဉ် (၄၆) ဆင်း တပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး (ကြည်း-၃၈၂၂၃) နှင့် တပ်မတော်သားများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယနေ့ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

AAမှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကမူ တပ်မတော်သား ၃၈ ဦး ဖမ်းမိထားပြီး ၄ ဦးမှာ ကျန်းမာရေးအရ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်နေသဖြင့် ပြန်လွှတ်ပေးလိုကြောင်း၊ ဖမ်းဆီးတရားစွဲဆို ထောင်ချထားသော ရခိုင်ပြည်သူများကို လွှတ်ပေးမည်ဆိုပါက AAကလည်း ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။

တပ်မတော်ဘက်ကမူ ခမရ ၇ မှ တပ်မတော်သားများ အဆက်အသွယ်ပြတ်တောက်နေခြင်းဖြစ်ပြီး ကယ်ဆယ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းမီဒီယာများသို့ ထုတ်ပြန်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts