All News China Watch Local News

ကျောက်ဖြူစီးပွားရေးဇုန် လူထုဆွေးနွေးပွဲ ပြုလုပ်သူ ဦးထွန်းကြည်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထွေ/အုပ်က အမှုဖွင့်

ကျောက်ဖြူစီးပွားရေးဇုန် လူထုဆွေးနွေးပွဲ ပြုလုပ်သူ ဦးထွန်းကြည်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထွေ/အုပ်က အမှုဖွင့်

ရန်ကုန်၊ မတ် ၂၆

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ချောင်းဝကျေးရွာအုပ်စု ကုလဘာကျေးရွာတွင် မတ်လ ၂ဝရက်နေ့က ကျောက်ဖြူစီးပွားရေးဇုန်လူထုဆွေးနွေးပွဲ ကျင်းပ ပြုလုပ်မှုအတွက် ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ( Kyaukphyu Rural Development Association- KRDA)မှဦးထွန်းကြည်ကို ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ဖြင့် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ ၂ဝရက်နေ့က ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီလယ်သမားတွေ ပြီးတော့ ဒီဧရိယာမှာပါတဲ့ရေလုပ်သားတွေ အဲဒီဒေသခံလူထုပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ကျောက်ဖြူအထူးစီးပွားဇုန်စောင့်ကြည့်ရေးအဖွဲ့ကနေပြီးတော့ ဦးဆောင်ပြီးတော့ ကျွန်တော်တို့လုပ်ခဲ့တယ်။ အဲဒီလုပ်တဲ့အခါမှာ ကျွန်တော်တို့ ရွာတစ်ရွာပေါ့။ ကုလဘာကျေးရွာမှာလုပ်တယ်။ အဲမှာ ငြိမ်းစုစီမတင်လို့ဆိုပြီးတော့ သူတို့ဘက်က တရားစွဲတာပေါ့” ဟု ဦးထွန်းကြည်ကပြောဆိုသည်။

ဦးထွန်းကြည်ကို ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားပြီး မတ် ၂၅ရက်နေ့တွင် အကြောင်းကြားခဲ့ပြီး ယနေ့ မတ်လ ၂၆ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ထံတွင် အာမခံယူခဲ့ကာ ကျောက်ဖြူမြို့နယ်တရားရုံးတွင် အမှုစွဲတင်မည့်နေ့ကို အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ CSO ဆိုတာက ဒီမိုကရေစီစနစ်အောင်မြင်ဖို့အတွက် အဓိက တောက်တိုင်ပြုတဲ့ဟာပေါ့။ ကျွန်တော်တို့ဆိုင်ရင် လူ့အခွင့်အရေးပဲ တစ်ခြား မြေယာနဲ့ ပတ်သက်တဲ့ဟာပဲ စီမံကိန်းနဲ့ စပ်ဆက်ပြီးတော့ အခွင့်အရေးချိုးဖောက်ခံရတဲ့ဟာတွေအတွက် ကျွန်တော်တို့ ဒေသခံလူထုဖက်ကနေပြီးတော့ ကျွန်တော်တို့ ရပ်တည်ဆွေးနွေးပေးတယ်။ ဒီဆွေးနွေးပွဲဆိုရင်လည်း ကျွန်တော်တို့ လူပေါင်း ၄၇ဝ လောက်ထိတက်ရောက်ကျတယ်။ ရွာပေါင်း ၃၆ရွာလောက်က လူတွေတက်ရောက်တယ်ပေါ့။ အဲလိုဆွေးနွေးပွဲတွေကို ဒီအတိုင်းကန့်သတ်နေမယ်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို တရားစွဲနေမယ်ဆိုရင် ကျွန်တော်တို့ဒီမိုကရေစီက ဘယ်လိုမှအောင်မြင်လာမှာ မဟုတ်ဘူး။ ရှင်သန်လာမှာ မဟုတ်ဘူးလို့မြင်တယ်” ဟု ဦးထွန်းကြည်ကပြောဆိုသည်။

ဦးထွန်းကြည်ကို တရားစွဲဆိုခြင်းသည် လူ့အခွင့်အရေးလုပ်ဆောင်နေသူများကို နှိပ်ကွပ်မှုဖြစ်ပြီး ဆက်ပြီးနှိပ်ကွပ်နေမည်ဆိုလျှင် ပဋိပက္ခပိုကြီးလာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ကျောက်ဖြူစီးပွားရေးဇုန်တွင် သိမ်းဆည်းခံရသည့် မြေယာကိစ္စများ နိုင်ငံတကာရေနံတင်လမ်းကြောင်း သတ်မှတ်ထားသည့် မြစ်ကြောင်းထဲတွင်ရှိသော ရေလုပ်သားများ၏ လုပ်ကွက်များ ပျက်စီးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com