All News Local News Peace

ကျောက်တော် တင်းမကျေးရွာသားများကို တပ်မတော်က ဖမ်းဆီးခေါ်သွားဟု လွှတ်တော်အမတ်ပြောဆို

ကျောက်တော် တင်းမကျေးရွာသားများကို တပ်မတော်က ဖမ်းဆီးခေါ်သွားဟု လွှတ်တော်အမတ်ပြောဆို

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ယနေ့ ညနေ ၄နာရီကျော်ခန့်က တပ်မတော်စစ်ကြောင်း ရွာအတွင်းသို့ ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောဆိုသည်။

“ တင်းမဘက်မှာ မြန်မာ့တပ်မတော်က ဝင်ပြီးတော့ ဖမ်းဆီးတာတွေရှိတာပေါ့။ ဘယ်သူတွေပါသွားတယ်။ ဘယ်သူတွေရှိသေးတယ်ဆိုတာတော့ တိတိကျကျတော့ မသိရသေးဘူး။ သူတို့အဲလိုဖမ်းဆီးတာတွေက သံသယစိတ်နဲ့ပဲ ဖမ်းဆီးတာတွေများပါတယ်။ ရဲစခန်းရောက်ပြီးတော့ တရားရုံးကိုရောက်တဲ့အခါလည်း စစ်ဆေးမေးမြန်းတာတွေကလည်း ထိထိရောက်ရောက်မရှိဘူး။ တရားလိုမလာတဲ့ဟာတွေ အချိန်အများကြီးကြာသွားတာတွေရှိတယ်။ တစ်နှစ်လောက်ကြာသွားတာတွေရှိတယ်။ သေသေချာချာတိတိကျကျနဲ့တော့ မရှိဘူး။ သံသယစိတ်နဲ့ AA နဲ့ဆက်သွယ်သလိုဘာလိုလိုနဲ့ အဲလိုမျိုးဖမ်းဆီး စစ်ဆေးတာတွေရှိတယ်။ ဘယ်တပ်ရင်းတွေလည်း ဆိုတာတော့မသိဘူး။ အဲရွာနဲ့ ကျွန်တော်အဆက်အသွယ်မရတော့ အသေးစိတ်ကိုတော့ ကျွန်တော်မသိရသေးဘူး” ဟု ဦးမောင်သန်းစိန်ကပြောဆိုသည်။

တင်းမကျေးရွာမှ တပ်မတော်ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်းမောင်၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် Narinjara သတင်းဌာနက သတင်းဖော်ပြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts