Local News Web TV

ကော်ရိုနာဗိုင်းရပ်စ် အန္တရာယ်ကာကွယ်တားဆီးရေး ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ် လုံး၀ ပိတ်ချလိုက်ပြီ(ရုပ်/သံ)

ကော်ရိုနာဗိုင်းရပ်စ် အန္တရာယ်ကာကွယ်တားဆီးရေး ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ် လုံး၀ ပိတ်ချလိုက်ပြီ(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီနယ်စပ်ဝင်ပေါက်အားလုံးကို မတ်လ ၁၉ ရက်နေ့မနက် (၅)နာရီအချိန်ကနေ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ရက်အကန့်အသတ်မရှိ (ယာယီ)ပိတ်လိုက်တယ်လို့ မြဝတီမြိုနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

မြဝတီမှာတော့ တရားဝင်ဂိတ်တွေဖြစ်တဲ့ ချစ်ကြည်ရေးတံတား(၁) လူဝင်လူထွက်နေရာ နဲ့ ချစ်ကြည်ရေးတံတား(၂) ကုန်စည်စီးဆင်းတဲ့နေရာတွေကို ကော်ရိုနာဗိုင်းရပ်စ် ရောဂါ စစ်ဆေးရေးအတွက် ကျန်းမာရေးဌာနဝန်ထမ်းတွေ နဲ့ စေတနာဝန်ထမ်းကူညီသူတွေက ကိုယ်ပူချိန်တိုင်းတာတာတွေ ၊ လက်တွေစင်ကြယ်အောင်ဆေးဖို့အတွက် အသိပညာပေးနေတာတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီဂိတ္ လုံး၀ ပိတ္ခ်လိုက္ၿပီ(႐ုပ္/သံ)

ေကာ္႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ကာကြယ္တားဆီးေရး ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီဂိတ္ လုံး၀ ပိတ္ခ်လိုက္ၿပီ(႐ုပ္/သံ)By ရန္ကုန္ေခတ္သစ္ထိုင္း-ျမန္မာနယ္စပ္ရွိ ျမ၀တီနယ္စပ္ဝင္ေပါက္အားလုံးကို မတ္လ ၁၉ ရက္ေန႔့မနက္ (၅)နာရီအခ်ိန္ကေန ႏိုင္ငံျခားသားေတြကို ျပည္ဝင္ခြင့္ ရက္အကန္႔အသတ္မရွိ (ယာယီ)ပိတ္လိုက္တယ္လို႔ ျမ၀တီၿမိဳနယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္႔ဇင္ေအာင္က ေျပာပါတယ္။ျမ၀တီမွာေတာ့ တရားဝင္ဂိတ္ေတြျဖစ္တဲ့ ခ်စ္ၾကည္ေရးတံတား(၁) လူဝင္လူထြက္ေနရာ နဲ႔ ခ်စ္ၾကည္ေရးတံတား(၂) ကုန္စည္စီးဆင္းတဲ့ေနရာေတြကို ေကာ္႐ိုနာဗိုင္းရပ္စ္ ေရာဂါ စစ္ေဆးေရးအတြက္ က်န္းမာေရးဌာနဝန္ထမ္းေတြ နဲ႔ ေစတနာဝန္ထမ္းကူညီသူေတြက ကိုယ္ပူခ်ိန္တိုင္းတာတာေတြ ၊ လက္ေတြစင္ၾကယ္ေအာင္ေဆးဖို႔အတြက္ အသိပညာေပးေနတာေတြ လုပ္ေပးေနတယ္လို႔ သိရပါတယ္။www.khitthitnews.com

Posted by Khit Thit Media on Thursday, 19 March 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts