All News International News

ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃ ဦးရှိလာပြီးနောက် အမေရိကန်က တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကြေညာပြီ

ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃ ဦးရှိလာပြီးနောက် အမေရိကန်က တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကြေညာပြီ

ရန်ကုန်၊ မတ် ၁၄

အမေရိကန်ပြည်ထောင်စုတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၂၈ ဦး သေဆုံးသူ ၄၃ ဦးရှိလာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၁၃ ရက်နေ့တွင် ကြေညာလိုက်ပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကော်ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ သုံးစွဲသွားမည်ဖြစ်ကြောင်း၊အငြိမ်းစား ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်း အသင့်ပြင်ဆင်ခိုင်းလိုက်ပြီး ဆေးရုံများအားလုံးကိုလည်း အသင့်ပြင်ဆင်ခိုင်းထားကြောင်း သိရှိရသည်။

အရေးပေါ်အခြေအနေကြေညာမှုကြောင့် ကော်ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အစိုးရအနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထပ်မံ ထုတ်ပြန်ရန်ရှိနေကြောင်းလည်း သိရှိရသည်။

တစ်ကမ္ဘာလုံးတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၄၄၈၆၃ ဦးရှိလာနေပြီး သေဆုံးသူ ၅၄၀၁ ဦးရှိလာနေပြီဖြစ်သည်။

Photo Credit – Getty Image

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts