All News Health Local News

ကိုဗစ်ရောဂါ လူနာ ၈ ဦးအနက် ၆ ဦးမှာ တည်ငြိမ်နေသော်လည်း ၂ ဦးမှာ အထူးကြပ်မတ်ခန်းတွင် ဆေးကုသမှု ပေးနေရ ၊ စောင့်ကြည့်လူနာ အသစ် ၄၅ ဦးရှိလာ

ကိုဗစ်ရောဂါ လူနာ ၈ ဦးအနက် ၆ ဦးမှာ တည်ငြိမ်နေသော်လည်း ၂ ဦးမှာ အထူးကြပ်မတ်ခန်းတွင် ဆေးကုသမှု ပေးနေရ ၊ စောင့်ကြည့်လူနာ အသစ် ၄၅ ဦးရှိလာ

ရန်ကုန်၊ မတ် ၂၉

မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ကိုဗစ်ရောဂါ လူနာ ၈ ဦးအနက် ၆ ဦးမှာ တည်ငြိမ်နေသော်လည်း ၂ ဦးမှာ အထူးကြပ်မတ်ခန်းတွင် ဆေးကုသမှု ပေးနေရ ပြီး စာင့်ကြည့်လူနာ အသစ် ၄၅ ဦးရှိလာ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၃) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှု ခံယူလျက်ရှိသော လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေး လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့၊ ညနေ (၆) နာရီမှ မတ်လ ၂၉ ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၅) ဦး ရှိကြောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲစစ်ဆေးမှု အဖြေများကိုလည်း ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts