All News Peace

AA ၏ ပစ်ခတ်မှုကြောင့် ခ.မ. ရ – ၂၁၂ အင်းတိုင် တပ်မှ ဗိုလ်မှူး မျိုးမင်းထိုက် ကျဆုံး

AA ၏ ပစ်ခတ်မှုကြောင့် ခ.မ. ရ – ၂၁၂ အင်းတိုင် တပ်မှ ဗိုလ်မှူး မျိုးမင်းထိုက် ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း AA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ခြေမြန်တပ်ရင်း ခ.မ.ရ -၂၁၂ အင်းတိုင် တပ်နယ်မှ ဗိုလ်မှူးမျိုးမင်းထိုက် ကျဆုံးသွားကြောင်း မိသားစုအတွက် နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသော ရေကြည်တစ်ပေါက် ပရဟိတအသင်းမှ ဦးမင်းခိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဗိုလ်မှူးမျိုးမင်းထိုက်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီတွင် ကျဆုံးသွားခြင်းဖြစ်ပြီး ကျဆုံးသည့် နေရာအတိအကျကိုမူ မသိရှိရကြောင်း၊ ရခိုင်တွင်သာ ကျဆုံးသည်ဟု သိရှိရကြောင်း ဦးမင်းခိုင်က ပြောဆိုသည်။

“ကျနော်တို့ကို စာပေးထားတာက ရခိုင်မှာကျတယ်။ မြို့နယ်တော့ ကျနော်မသိဘူး။ ရခိုင်မှာ AA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးတယ်လို့တော့ ပါတယ်။ မြို့နယ်တော့ မသိဘူး။ အဲဒီမှာပဲ ပွဲချင်းပြီးတာလို့ ကျနော်ကြားတယ်။ တိုက်ပွဲဖြစ်နေတယ်တဲ့။ မိသားစုနဲ့ နေ့ခင်းပိုင်း ၂ နာရီလောက်မှာ စကားပြောတယ်။ ညနေ ၆ နာရီလောက်မှာ ကျတယ်ပြောတယ်” ရေကြည်တစ်ပေါက် ပရဟိတအသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောဆိုသည်။

တပ်မတော်ဘက်ကမူ ယင်းကဲ့သို့ တပ်မတော်သားများ ကျဆုံးမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလေ့မရှိပေ။

ဗိုလ်မှူးမျိုးမင်းထိုက်သည် ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ်ရှိနေပြီဖြစ်သည်။

Photo Credit – Daw Hnin Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com