All News Local News

၀န်ကြီး သူရဦးအောင်ကို ကို “ခွေး” နှင့်နှိုင်း ၊ တွေ့ကရာလူ ယူသူက ပုဒ်မ ၅၉ (စ) ပြင်၍ သမ္မတလုပ်ရန် ကြိုးပမ်းဟု ဦးဉာဏောဘာသ ပြော

၀န်ကြီး သူရဦးအောင်ကို ကို “ခွေး” နှင့်နှိုင်း ၊ တွေ့ကရာလူ ယူသူက ပုဒ်မ ၅၉ (စ) ပြင်၍ သမ္မတလုပ်ရန် ကြိုးပမ်းဟု ဦးဉာဏောဘာသ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုသည် လူမျိုးခြား ဘာသာခြားကိုေ စာင့်ရှောက်၍ နိုင်ငံတော်ဘာသာဖြစ်သော ဗုဒ္ဓဘာသာကို နှိပ်ကွပ်နေသဖြင့် “ခွေး” ဟု နှိုင်းယှဉ်ပြောဆိုပြီး တွေ့ကရာလူ ယူသည့် မျိုးမစောင့်သူက ပုဒ်မ ၅၉ (စ) ပြင်ဆင်၍ သမ္မတလုပ်ရန် ကြံစည်နေကြောင်း ကန်နီတောင် ကြယ်တစ်ပွင့် ဆရာတော် ဦးဉာဏောဘာသ က ပြောဆိုသည်။

ယနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားအစည်းအရုံး(MNO)က ဦးဆောင်ပြုလုပ်သည့် အမျိုးဘာသာ သာသနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုတ်ချပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အရှင်ဉာဏောဘာသ (ကနီတောင် ကြယ်တစ်ပွင့်) သည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မင်္ဂလတိုက် ဦးသာသနာ့ကျောင်းတွင် သီတင်းသုံးကာ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ဇာတိဖြစ်သည်။

“ဗုဒ္ဓဘာသာသနာ ရဲ့ သာသနာရေးဝန်ကြီးပြောတဲ့စကားက အစ္စလမ်ဘာသာဝင်တွေကို တောင်ဒဂုံ၊ မြောက်ဒဂုံလို နေရာကျယ်ကျယ်နေရာမှာ လူပေါင်း ထောင်ချီပြီး ဝတ်ပြုနိုင်တဲ့ ဗလီကျောင်းကြီးတွေ ဆောက်ပေးဖို့ သူ့ဆန္ဒအမြဲရှိပါတယ်တဲ့ ။ ဆန့်ကျင်ရမယ်။ အစ္စလမ်ဗလီတွေကိုလည်း တစ်ခုပြီး တစ်ခု ဖွင့်ပေးနေပါတယ်။ မကွေးမှာ ပိတ်ပေးထားတဲ့ ဗလီလည်း ဖွင့်ပေးလိုက်ပြီ။ ပဲခူးမှာလည်း ဖွင့်ပေးလိုက်ပြီ။ မကြာသေးဘူး ဒီရက်ပိုင်းအတွင်းပဲ အိမ်ကို ဗလီလုပ်ပြီးတော့ မန်းတိုင်းဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်ဆိုပြီးတော့ အိမ်ကို ဗလီကို အဖြစ်ဆောက်နေတာ ရှိတယ်။ ဗလီလို့လည်းရေးထားပါတယ်။ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာ သာသနာကျတော့ နှိပ်ကွက်ပြီးတော့ ဘာသာခြား လူမျိုးခြား အစ္စလမ်ဘာသာဝင်တွေကိုကျတော့ တစ်ဖက်သတ် မျက်စိမှိတ်ပြီး အားပေးနေတာ ထောက်ခံနေတာသည် သာသနာရေးဝန်ကြီးအနေနဲ့ တရားမျှတမှု ရှိရဲ့လား။ ဦးအောင်ကိုက”ခွေး” ။ ဦးဇင်းမပြောဘူးနော် ဒကာမကြီး ပြောတာ” ဟု ၎င်းက ဟောပြောပွဲတွင် ပြောဆိုသွားသည်။

လက်ရှိ နိုင်ငံတွင် မျိုးနွယ်မစောင့်ထိန်းသူများက ပုဒ်မ ၅၉ (စ) ပြင်ဆင်၍ သမ္မတလုပ်ရန် ကြိုးပမ်းနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဘုရားဟောအရ မျိုးနွယ်စောင့်ထိန်းရမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“စောင့်လေမျိုးနွယ် ဘုရားဟောကို သားသမီးကောင်းတိုင်း လိုက်နာ၊ ကိုယ့်အမျိုးကို ကိုယ် မစောင့်ရှောက်ရင် ဘယ်သူ ကာကွယ်စောင့်ရှောက်မလဲ။ ကိုယ့်ပြည်တွင်း ရဟန်းပြည်သူတွေပဲ စောင့်ရှောက်ရမှာမဟုတ်ဘူးလား။ ဖွဲ့စည်းပုံမှာရော ဘုရားဟောမှာရောပါလို့ ဘုန်းကြီးတို့စောင့်ရှောက်ရမယ်။ တွေ့ကရာလူကို ယူရင်တော့ ဘုန်းကြီးတို့ကို စိတ်အေးရပါ့မလား။ အမျိုးကိုသာ စောင့်ရှောက်ခဲ့ရင် ဟိုဒကာမကြီး လည်း ၅၉ (စ) ပြင်ပြီး သမ္မတ လုပ်စရာလိုသေးလား။ ကြိုးစားဖို့လိုသေးလာလား။ ဘာကြောင့်လုပ်ဖို့လိုတာလဲ။ အမျိုးမစောင့်လို့ ၅၉ (စ) ကို ပြင်ဖို့ လုပ်နေတာမဟုတ်ဘူးလား” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာဟု သုံးစွဲမှု ၊ ဒေါက်တာမျိုးညွန့်က ဦးကိုနီ နှစ်ပတ်လည်ပွဲတွင် ကလဲ့စားချေရမည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍လည်း အရေးယူပေးရန် ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုသွားသည်။

အစိုးရက အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝီရသူ၊ ဦးလှဆွေတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် တရားစွဲဆိုပြီး ဝရမ်းပြေး ကြေညာပြီးနောက် လအတော်ကြာ ရပ်ဆိုင်းနေသော အမျိုးသားရေး လှုပ်ရှားမှု ဆန္ဒပြပွဲများ ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံး MNO က ဦးဆောင်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံးMNO ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူများစုပေါင်း၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ အနေဖြင့် ဦးတင့်လွင်က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဘသ၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတို့ကို တရားမဝင် အဖွဲ့အစည်းအဖြစ်ကြေညာပြီးနောက် အမျိုးသားရေး လှုပ်ရှားသော MNO ပေါ်ပေါက်လာခြင်းဖြစ်ပြီး အဆိုပါ အစည်းအရုံး၏ ရည်ရွယ်ချက်များမှာလည်း မဘသ၏ ရည်ရွယ်ချက်များဖြစ်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ပင်ဖြစ်သည်။

ဓာတ်ပုံ- ကနီတောင် ကြယ်တစ်ပွင့် အရှင် ဦးဉာဏောဘာသ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com