All News Local News

၀န်ကြီးဌာနများနှင့်ပူးတွဲ အလုပ်လုပ်သော ဖက်စပ်ကုမ္ပဏီ ၄၀ တွင် ၂၄ ခုက အကျိုးအမြတ်မရမှုများ၊ အရှုံးပေါ်မှုများဖြစ်ပေါ်နေ

၀န်ကြီးဌာနများနှင့်ပူးတွဲ အလုပ်လုပ်သော ဖက်စပ်ကုမ္ပဏီ ၄၀ တွင် ၂၄ ခုက အကျိုးအမြတ်မရမှုများ၊ အရှုံးပေါ်မှုများဖြစ်ပေါ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အစိုးရဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စီးပွားရေးဖက်စပ်ကိုင်သော ဖက်စပ်ကုမ္ပဏီ ၄၀ ခုတွင် ၂၄ ခုမှာ အကျိုးအမြတ်ရရှိခြင်းမရှိခြင်း၊ အရှုံးပေါ်ခြင်းများ ဖြစ်ပေါ်နေေကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် လေ့လာသုံးသပ်ထားသည့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ဖက်စပ်ကုမ္ပဏီ ၁ ခု ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဖက်စပ်ကုမ္ပဏီ ၅ ခု ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးက ကုမ္ပဏီ ၉ ခု၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက က ၄ ခု ၊ လျှပ်စစ်နှင့်စွမ်းအင်က ၉ ခု ၊ စက်မှုက ၃ ခု ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးက ၁ ခု ၊ ဆောက်လုပ်ရေးက ၆ ခု ၊ ဟိုတယ်နှင့်ခရီးသွားလာရေးက ၂ ခု စုစုပေါင်း ဖက်စပ်ကုမ္ပဏီ ၄၀ ရှိကြောင်း သိရှိရသည်။

ယင်းတို့အထဲတွင် အကျိုးအမြတ် ပြန်လည်ရရှိမှု ၅၀ ရာခိုင်နှုန်းထက်ကျော်လွန်သော ကုမ္ပဏီ ၈ ခု၊ ငွေစုဘဏ်အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် ပိုမိုရရှိသော ကုမ္ပဏီ ၃ ခု နှင့်စာရင်းရှင်းလင်းဖျက်သိမ်းရန် စီစဉ် ဆောင်ရွက်နေသော ကုမ္ပဏီ ၅ ခုမှအပ ကျန် ၂၄ ခုလုံးမှာ အကျိုးအမြတ်အပြည့်အ၀ ခံစားရမှု မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓိက အကြောင်းအရင်းများအနေဖြင့် အမြတ်ရရှိသော်လည်း အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် နည်းနေခြင်း၊ အမြတ်ရရှိသော်လည်း အရှုံးငွေကို မကာမိခြင်း၊ ခွဲဝေမှု မပြုနိုင်ခြင်း ၊ အချို့ ဖက်စပ်ကုမ္ပဏီများမှာ အရှုံးပေါ်နေခြင်း၊ စီးပွားဖြစ် မစတင်နိုင်ခြင်း အပါအဝင် အကြောင်းအရာများကြောင့် ဖြစ်သည်ဟု သိရှိရသည်။

အကျိုးအမြတ်ရရှိရန် အကြံပြုချက် များ အစီရင်ံခံစာတွင် ဖော်ပြထားပြီး အကျိုးအမြတ်ရရှိနေသော ကုမ္ပဏီများအနေဖြင့် ဆက်လက်အောင်မြင်ရန် ဆောင်ရွက်ခြင်း၊ အရှုံးပေါ်ပြီး အကျိုးအမြတ်မရှိသေးသည့် ကုမ္ပဏီများအေနဖြင့် ပကတိအခြေအနေကို စနစ်တကျလေ့လာပြီး ကြိုးပမ်းဆောင်ရွက်ခြင်း၊ အပါအဝင် အကြံပြုချက်များစွာ ပါဝင်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts