အီရန် ဒုကျန်းမာရေးဝန်ကြီး ဝူဟန်ကော်ရိုနာဗိုင်းရစ်ကူးစက်ခံရ

အီရန် ဒုကျန်းမာရေးဝန်ကြီး ဝူဟန်ကော်ရိုနာဗိုင်းရစ်ကူးစက်ခံရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
အီရန်နိုင်ငံအစိုးရ၊ ဒုတိယကျန်းမာရေးဝန်ကြီး Iraj Harirchi သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန အကြံပေးက ပြောဆိုသည်။
“ကော်ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့တန်းမှ ပါဝင်လျက်ရှိသော Mr Harirchi တွင် ဗိုင်းရပ်စ်ကူးစက်ခံနေရပြီ” ဟု ကျန်းမာရေး အကြံပေး Alireza Vahabzadeh က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည်။
Mr Harirchi သည် အစိုးရပြောခွင့်ရပုဂ္ဂိုလ် Ali Rabiei နှင့်အတူ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ချောင်းဆိုး၊ ချွေးထွက်ခြင်းများကို ခံစားနေရခြင်းဖြစ်သည်။
အီရန်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅ ဦး ၊ ကူးစက်ခံရသူ ၉၅ ဦး ရှိနေပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ကူးစက်မှု ဖြစ်ပွားရာ အဓိက ဗဟိုချက် ဖြစ်လာနေသည်။
အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံ ၆ ခုတွင်လည်း ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိနေပြီဖြစ်သည်။
ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ ၂၇၀၇ ဦး ၊ ကူးစက်ခံရသူ ၈၀၂၇၉ ဦး၊ ကုသပျောက်ကင်းသူ ၂၇၄၇၆ ဦး ရှိလာပြီဖြစ်သည်။
ဓာတ်ပုံ- သတင်းစာရှင်းလင်းပွဲတွင် နှာစေး၊ ချောင်းဆိုး ဖြစ်နေသော အီရန် ဒုတိယကျန်းမာရေးဝန်ကြီး။ Photo Credit – middleeasteye.net
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ