All News Election interview

အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ

အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ

“မဘသကို လူလက်မခံဘူးဆိုတဲ့အချိန်မှာ အစဉ်အလာရှိတဲ့ YMBAကိုယူပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ တပ်မတော်ကော တပ်မတော်ထောက်ခံတဲ့ သူတွေကော ဒီသီအိုရီ Guideline နဲ့သွားဖို့ စဉ်းစားတယ်လို့ထင်ပါတယ်”

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်ဟူသော မိန့်ခွန်းများ ပြောကြား၍ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ရေး အရေးကြီးကြောင်း ပြောဆိုလာနေသည်။ အမျိုးသားရေးလှုပ်ရှားမှုများသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အရှိန်မြှင့်လာနိုင်ရာ ရန်ကုန်ခေတ်သစ်က ယင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်များ မေးမြန်း၍ စဉ်ဆက်မပြတ် ဖော်ပြသွားမည်ဖြစ်သည်။

စာရေးဆရာ မောင်မောင်စိုး
နိုင်ငံရေး လေ့လာသုံးသပ်သူ

“တပ်မတော်မှာ ကျွန်တော်တို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်ပေါ့။ ဒီတပ်မတော်ထဲမှာ မဆလ ကော်မတီတွေရှိတယ်။ မဆလ ပါတီရဲ့ Guideline ရှိတာပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ Guideline နဲ့သွားတယ်။ အဲတာကကျွန်တော်တို့ ၈၈မှာ ပြိုသွားပြီးနောက်မှာ တပ်မတော်ကို သီအိုရီ အရ သဘောတရားအရ Guideline တစ်ခုလိုလာတယ်။ အစားထိုးဖို့ပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နေရာမှာ အဲအတွက် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ဟာကို Guideline အနေနဲ့ထိုးဖို့ စဉ်းစားလာတယ်လို့ပဲ ကျွန်တော်တို့ တွေ့ရပါတယ်။

အဲလိုတွေ့တဲ့အတွက်ကြောင့် အစောပိုင်းကာလတွေမှာ အမျိုး၊ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နဲ့ စပေမယ့် မဘသကို လူလက်မခံဘူးဆိုတဲ့အချိန်မှာ အစဉ်အလာရှိတဲ့ YMBAကိုယူပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ တပ်မတော်ကော တပ်မတော်ထောက်ခံတဲ့ သူတွေကော ဒီသီအိုရီ Guideline နဲ့သွားဖို့ စဉ်းစားတယ်လို့ထင်ပါတယ်။

ဒီလိုအမျိုးသားရေးလုပ်ဆောင်နေတာတွေက တိုင်းပြည်တစ်ခုလုံး အကျိုးရှိမရှိတော့ မသိဘူး။ အဖွဲ့အစည်းတစ်ခုအနေနဲ့ သူတို့အနေနဲ့ ဒီဟာကို သူတို့အဖွဲ့အစည်းကို Guideline ပေးဖို့အတွက်ကြိုးစားတယ်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးကို Guideline ပေးပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ လှုံ့ဆာ်ဖို့အတွက် ရည်ရွယ်တယ်လို့ ထင်ပါတယ်”

Photo Credit – MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts