All News Election interview

“အမျိုးသားနိုင်ငံရေး အရမ်းလုပ်ရင်လည်း မကောင်းဘူးထင်တယ်။ ပဋိပက္ခတွေဖြစ်လာမယ်။တပ်မတော်သည် ရွေးကောက်ပွဲဝင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး”

အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ

“အမျိုးသားနိုင်ငံရေး အရမ်းလုပ်ရင်လည်း မကောင်းဘူးထင်တယ်။ ပဋိပက္ခတွေဖြစ်လာမယ်လေ။တပ်မတော်သည် ရွေးကောက်ပွဲဝင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလေ”

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်ဟူသော မိန့်ခွန်းများ ပြောကြား၍ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ရေး အရေးကြီးကြောင်း ပြောဆိုလာနေသည်။ အမျိုးသားရေးလှုပ်ရှားမှုများသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အရှိန်မြှင့်လာနိုင်ရာ ရန်ကုန်ခေတ်သစ်က ယင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်များ မေးမြန်း၍ စဉ်ဆက်မပြတ် ဖော်ပြသွားမည်ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်၏ အမြင်ကို ဖော်ပြလိုက်ပါသည်။

ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ)

တပ်မတော်သည် ရွေးကောက်ပွဲဝင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလေ။ အခုသူတို့ရဲ့ မဘသတွေ ဘာညာဆိုတာက တပ်မတော်နဲ့ ဘယ်လောက်ပတ်သက်တယ်ဆိုတာက တစ်ပိုင်းပေါ့။ သူတို့က ရွေးကောက်ပွဲမဝင်တဲ့အတွက် သူတို့က ရွေးကောက်ပွဲအတွက်လုပ်တယ်ဆိုရင်တော့ ပြောရခက်မယ်။ အမျိုးသားရေးအတွက်ဆိုတဲ့ ပါတီတွေအတွက်တော့ အကျိုးတော့ရှိတာပေါ့ဗျာ။ အကျိုးဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် နိုင်ငံရေးပါတီထဲမှာ အဲလိုပါတီတွေတော့ ထင်ထင်ရှားရှားကြီးမတွေ့ပါဘူး။ ရှေ့ရောက်လာမှာလည်း မဟုတ်ပါဘူး။ လောလောဆယ်တော့ မတွေ့ဘူးပေါ့။ ရွေးကောက်ပွဲနီးလာရင်တော့ မသိဘူးပေါ့။

ကျွန်တော်ထင်တယ် အမျိုးသားနိုင်ငံရေးအရမ်းလုပ်ရင်လည်း မကောင်းဘူးထင်တယ်။ ပဋိပက္ခတွေဖြစ်လာမယ်လေ ဒီအချိန်မှာက အပြင်ကနေပြီးတော့ ကျွန်တော်တို့ိကို အပြစ်ရှာနေတာအများကြီးရှိတယ်ပေါ့။ ကိုယ့်အချင်းချင်း ညီညွတ်ရေးညီညွတ်ရေးပြောပြီးတော့ အခုအဲလိုမျိုးတွေလုပ်တယ်ဆိုတော့ သိပ်မကောင်းလောက်ဘူးလို့ထင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts