All News Local News Peace

အစိုးရအဖွဲ့ဝင် ၂ ဦး ပါ စစ်ရဟတ်ယာဉ်ပစ်ခတ်ခံရပြီးနောက် အရပ်သားများ စစ်ဘက်ဆိုင်ရာ ယာဉ်များအသုံးမပြုရန် AA က အသိပေးချက်ထုတ်ပြန်

အစိုးရအဖွဲ့ဝင် ၂ ဦး ပါ စစ်ရဟတ်ယာဉ်ပစ်ခတ်ခံရပြီးနောက် အရပ်သားများ စစ်ဘက်ဆိုင်ရာ ယာဉ်များအသုံးမပြုရန် AA က အသိပေးချက်ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလိုက်ပါသော စစ်ရဟတ်ယာဉ်ကို AA က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပစ်ခတ်ပြီးနောက် အရပ်သားများ စစ်ဘက်ဆိုင်ရာ ယာဉ်များ အသုံးမပြုရန် AA က ယမန်နေ့က ကြေညာချက်ထုတ်ပြန်သည်။

အရပ်ဘက်ပြည်သူ့ဝန်ထမ်းများ၊ NGO ၊ INGO ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ခရီးသွားလာရာတွင် မြန်မာ့တပ်မတော်၏ စစ်ဘက်ဆိုင်ရာ ယာဉ်များဖြစ်သည့် စစ်သုံးရဟတ်ယာဉ်များ၊ စစ်ကားများ၊ စစ်သင်္ဘောများပေါ်တွင် လိုက်ပါ၍ ခရီးသွားလာခြင်းအား အထူးရှောင်ရှားကြစေလိုကြောင်း၊ အထူးသဖြင့် မြန်မာ့တပ်မတော်၏ စစ်ဖက်ဆိုင်ရာ ယာဉ်များပေါ်တွင် လုံး၀ စီးနင်းလိုက်ပါခြင်းမပြုကြရန် အသိပေးကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ လိုက်ပါသော အရပ်ဘက် ခရီးသည်တင်ကားများ၊ သင်္ဘောများတွင်လည်း လမ်းကြုံစီး၍ လိုက်ပါခြင်းများလည်း ရှောင်ရှားရန် လည်း အသိပေးထားသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ လက်နက်ကြီးကျည်ထိမှန်သော ကျောင်းသားကျောင်းသူများကို ကြည့်ရှုရန် ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ လိုက်ပါသော စစ်ရဟတ်ယာဉ် စက်သေနတ်ဖြင့် နှစ်ချက် ထိမှန်ခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts