All News Local News Peace

အခြားဆက်သွယ်ရေးကုမ္ပဏီများ အပုတ်ချ တိုက်ခိုက်သော စစ်တပ်ပိုင် Mytel ပါဝင်ပတ်သက်နေသည့် ဖေ့ဘုတ်စ် အကောင့်များ ဖျက်သိမ်းခံရ

အခြားဆက်သွယ်ရေးကုမ္ပဏီများ အပုတ်ချ တိုက်ခိုက်သော စစ်တပ်ပိုင် Mytel ပါဝင်ပတ်သက်နေသည့် ဖေ့ဘုတ်စ် အကောင့်များ ဖျက်သိမ်းခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အခြားဆက်သွယ်ရေးကုမ္ပဏီများကို အပုတ်ချတိုက်ခိုက်ပြီး မြန်မာပြည်သူများကို သတင်းမှားများ ဖြန့်ချိသော စစ်တပ်ပိုင် Mytel ပါဝင်ပတ်သက်နေသည့် ဖေ့ဘုတ်စ်အကောင့် ၁၃ ခုနှင့် ဖေ့ဘုတ်စ်စာမျက်နှာ ၁၀ ခုကို ဖျက်သိမ်းလိုက်ကြောင်း ဖေ့ဘုတ်စ်က ထုတ်ပြန်ကြေညာသည်။

အဆိုပါ ဖေ့ဘုတ်စ်အကောင့်များနှင့် စာမျက်နှာများ သတင်းမှားများ ဖြန့်ဝေခြင်း၊ အခြား ဆက်သွယ်ရေးကုမ္ပဏီများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ အဆိုပါ လုပ်ဆောင်မှုတွင် စစ်တပ်ပိုင် Mytel ၊ ဗီယက်နမ် အစိုးရပိုင် Viettel နှင့် ဗီယက်နမ် Gapit Communications တို့ပါဝင်ပတ်သက်နေသည်ဟု ဖေ့ဘုတ်စက ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

အဆိုပါ ဖေ့ဘုတ်အကောင့်များနှင့်စာမျက်နှာများသည် အကောင့်တုဖွင့်ထားသူများက စီစဉ်လှုပ်ရှားခြင်းဖြစ်ပြီး အချင်းချင်း ချိတ်ဆက်လှုပ်ရှားခြင်းဖြစ်ကြောင်း ၊ ၎င်းတို့ ဖြန့်ချိသော သတင်းမှားများတွင် Mytel နှင့် ပြိုင်ဖက် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက သုံးစွဲခ ဈေးနှုန်းမြှင့်တင်မှုကို ကန့်ကွက်ရေး နှိုးဆော်၊ ရှုတ်ချချက်များပါဝင်နေသည်။

အဆိုပါ ဖေ့ဘုတ်စ်အကောင့်များနှင့် စာမျက်နှာများသည်။ သတင်း အချက်အလက်မှားများကို ဖြန့်ဝေရန် ကြေညာခ အမေရိကန်ဒေါ်လာ ၁ သန်းကျော် သုံးစွဲခဲ့ပြီး ယင်းစာမျက်နှာများတွင် ကြည့်ရှုသူ Followers ပေါင်း ၂၆၅၆၀၀ ရှိကြောင်း ဖေ့ဘုတ်စ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

Photo – SGMAH website

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com