All News Health interview

“ဝူဟန်မြို့မှ တရုတ် ၅ ဦး မြန်မာဘက်တွင် ပျောက်ဆုံးနေရာ ၁ ဦးက မြန်မာနှင့်အိမ်ထောင်ကျနေပြီး ကျန် ၄ ဦး ပျောက်ဆုံးနေဆဲ”

“ကော်ရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ တရုတ် ၅ ဦး မြန်မာဘက်တွင် ပျောက်ဆုံးနေရာ ၁ ဦးက မြန်မာနိုင်ငံသားနှင့်အိမ်ထောင်ကျနေပြီး ကျန် ၄ ဦး ပျောက်ဆုံးနေဆဲ”

By ရဲရင့်မင်းခန့် /ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံနှင့် နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့အာဏာပိုင်များက ဝူဟန်မြို့မှ တရုတ် ၅ ဦး မြန်မာနိုင်ငံဘက်တွင် ရောက်ရှိနေပြီး ပျောက်ဆုံးနေကြောင်း မြန်မာအာဏာပိုင်များကို အကြောင်းကြားလာပြီးနောက် အဆိုပါ ဝူဟန် ၅ ဦးကို မြန်မာအာဏာပိုင်များဘက်က ရှာဖွေလျက်ရှိသည်။ ယင်းတို့အနက်မှ အမျိုးသမီး ၁ ဦးကို ကျူကုန်ပန်ဆိုင်းတွင် ပြန်လည်တေ့ွရှိရပြီး မြန်မာနိုင်ငံသားတစ်ဦးနှင့်အိမ်ထောင်ကျနေသည်။ အဆိုပါ အမျိုးသမီးကို တရုတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးလိုက်ပြီး ကျန် ၄ ဦးကို ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။ မူဆယ်မြို့မှ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဝူဟန်က တရုတ် ၅ ဦး ဒီဘက်ကို ရောက်နေတာ ဘယ်လို အခြေအနေရှိလဲ။ ရှာတွေ့ပြီလား

ဖြေ။ ။အဲဒါက ရွှေလီဘက်ရဲကနေပြီးတော့မှ ကျွန်တော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးဆီ စာ ပို့လိုက်တာပေါ့။ အဲဒီငါးယောက်ဆိုတဲ့နေရာမှာ အမျိုးသမီးတစ်ယောက်ပါတယ်။ အဲဒီအမျိုးသမီးက ကျူကုတ်၊ ပန်ဆိုင်း မှာရှာဖွေ တွေ့ရှိထားတယ်။ ဒီအမျိုးသမီးက လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်နေ့ ကဝင်ထားတာ။ သူက ကျူကုတ်ပန်ဆိုင်းသား တစ်ယောက်နဲ့ အိမ်ထောင်ကျထားတယ်။ ကလေးနှစ်ယောက်တောင်ရှိတယ်။ သူကဝူဟန်ဒေသက ဆိုတော့ မှန်တယ်။ ဝူဟန်ဒေသကနေပြီးတော့ သူလာတာမဟုတ်ဘူး။ ဒီပတ်ဝန်းကျင်မှာပဲ သူရှိနေတာလေ။ အဲဒါကို ကျွန်တော်တို့ကလေးနှစ်ယောက်တောင်ရှိပြီဆိုတော့ သူရယ် သူကလေးရယ် မနေ့က တရုတ်ဘက်ကို လွှဲပြောင်းပေးလိုက်ပြီ။

ကျန်တဲ့လေးယောက်က တရားဝင်ပေါက်တွေမှာ စစ်ဆေးတဲ့ အချိန်မှာ တရားဝင် ဝင်လာတာမရှိဘူး။ တရုတ်ဖက်ကလည်း ကျွန်တော်တို့ဝင်တယ်လို့ ယတိပြတ် ပြောလို့တော့မရဘူးပေါ့ဗျာ။ သူတို့ဘက်က ရှာမဖွေ့တာနဲ့ ကျွန်တော်တို့ဘက် လူပျောက်တယ်လို့ပဲ ယူဆတာပေါ့။ ကျွန်တော်ဘက်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရယ် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရယ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုအကုန်လုံးကိုပြောထားပြီပေါ့။

အဲဒီလူတွေဆိုရင် သတင်းပို့ဖို့ဆိုတဲ့ဟာကို ကျွန်တော်တို့ ဒီဘက်က လုပ်ထားတဲ့ဟာတွေရှိတယ်။ ကျွန်တော်တို့ သုံးသပ်ရတာက တကယ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံထဲကို ဝင်လာလို့ရှိရင်တောင်မှ ခိုးပေါက်ကနေပြီး ဝင်လာတာဖြစ်မယ်။ တရားဝင်ပေါက်က ဝင်လာလို့ရှိရင် ကျွန်တော်တို့ ကျန်းမာရေးစစ်ဆေးမူတွေကို နေ့တိုင်းလုပ်နေတယ် ။အခု လည်းအဲဒီလေးယောက်က ရှာဖွေမတွေ့ရဘူးသေးဘူး။ ကျွန်တော်တို့နိုင်ငံတကယ်ရှိ လားမရှိလားမသိ ဘူးပေါ့ဗျာ။ ရှာဖွေနေတုန်းပါပဲ။

မေး။ ။ ဒါဆို ကျန်တဲ့ ဝူဟန်ဒေသက လေးယောက်ကို ရှာဖွေတုန်းပဲလား။

ဖြေ။ ။မှန်တယ်။ လက်ရှိ လေးယောက်ကို ကျွန်တော်တို့ ရှာဖွေနေတုန်းပဲ လက်ရှိ လေးယောက်ကို ရှာဖွေနေတုန်းပဲ။ ကျန်ရှိတဲ့ တစ်ယောက်ကို စစ်ဆေးလိုက်တော့ သူကကျတော့ အဖျားရောဂါတွေဘာမှမရှိဘူး။ ကျွန်တော်တို့က သူနိုင်ငံကို လွှဲပြောင်းပေးလိုက်ပြီ။ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပြီ။

မေး။ ။မြို့အဝင်၊အထွက်ဂိတ်တွေရော စစ်ဆေးတာမျိုးရှိလား။

ဖြေ။ ။မြို့အဝင်မှာဆိုရင် ကျွန်တော်တို့ ဒီဘက်မှာ တရားဝင်ပေါက်က (၅)ပေါက်ရှိတယ်ပေါ့။ မန်ဂိုးရယ် ကျူကုတ်ပန်ဆိုင်းရယ် ကျွန်တော်တို့ မူဆယ်မှာ သုံးပေါက်ရှိတယ်။ အဲဒီအပေါက်က တရားဝင် ကျွန်တော်တို့ကျန်းမာ ရေးစစ်ဆေးမှုတွေ လဝက၊ကျန်းမာရေးဌာနကသူတွေ ပရဟိတအဖွဲ့တွေအကုန်လုံးဝိုင်းစစ်ဆေး နေတာရှိတယ်။ကျွန်တော်တို့ အခုထက်ထိ ကျွန်တော်တို့ တရားဝင် စစ်ဆေးပြီး ဝင်လာတဲ့ ဟာတွေက သံသယရှိတဲ့လူနာဆိုတာလောလောဆယ်မရှိဘူးဗျာ။

မေး။ ။အများပြည်သူတွေ သိရှိအောင် အဲဒီငါးယောက်က ရုပ်ပုံတွေပုံကြမ်းတွေထွက်ပြီးလား။

ဖြေ။ ။သူတို့ ရုပ်ပုံတွေကကျတော့ တရုတ်ဘက်ကနေပြီးတော့ ပို့ထားတာရှိပါ။ ကျွန်တော်တိ့ု မြို့နယ်ကနေ ပြီးတော့ ရပ်ကွက်ကျေးရွာအုပ်ရေးမှူး ဆယ်အိမ်မှူးတွေ ရာအိမ်မှူးတွေပေါ့ဗျာတစ်ချက်ဝင်ပြီးတော့လုပ်ရမယ့် အနေအထားမျိုးတော့ရှိပါတယ်။

မေး။ ။ နောက်ဆုံး မူဆယ်မြို့ အခြေအနေကို ဘယ်လိုရှိလဲ။

ဖြေ။ ။ မူဆယ်မြို့ အခြေအနေက စိုးရိမ်ထိန့်လန့်မှုမတွေ့ဘူး။ ကျွန်တော်တို့ ဒီဘက်ကပညာပေးလုပ်ငန်းတွေေ တာ့အားကြိုးမန်တက်လုပ်တာပေါ့ဗျာ။ အဲဒီက ကျန်းမာရေးဦးစီးဌာနက ညွန်ကြားချက်တွေကို လိုက်နာဖို့လို တယ်ဆိုတဲ့ဟာကိုကျေးရွာထိကျွန်တော်တို့ အိမ်တစ်အိမ်တက်တစ်အိမ်ဆင်း ပန်းဖလက်တွေကို လုပ်ထား တာရှိတယ်။ ကျွန်တော်တို့ လမ်းဆုံလမ်းဂွတွေမှာ ကျွန်တော်တို့ကျောင်းတွေမှာ ဒါတွေကို အသိပညာ ပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်တာတွေရှိပါတယ်။

မေး။ ။မြို့အတွင်းမှာ သွားလာရေးကို ဘယ်လိုလုပ်ထားလဲ။

ဖြေ။ ။မြို့အတွင်းမှာသွားလာရေးကတော့ တရုတ်ပြည်က လူတွေက သိပ်မလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ဒီမှာ လူစည်ကားမှုကတော့ သိပ်မရှိဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com