All News Health International News

ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းနှင့်ကူးစက်မှုနှုန်း စံချိန်တင်မြင့်လာ၊ သေဆုံးသူ ၁၃၆၃ ဦးရှိလာပြီး ၆၀၀၆၂ ဦးကူးစက်

ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းနှင့်ကူးစက်မှုနှုန်း စံချိန်တင်မြင့်လာ၊ သေဆုံးသူ ၁၃၆၃ ဦးရှိလာပြီး ၆၀၀၆၂ ဦးကူးစက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းနှင့် ကူးစက်မှု နှုန်း စံချိန်တင်မြင့်လာပြီး သေဆုံးသူ ၁၃၆၃ ဦးရှိကာ ကူးစက်ခံရသူ ၆၀၀၆၂ ဦးရှိလာပြီး ကုသ၍ ပျောက်ကင်း သက်သာသွားသူ ၅၆၈၀ ရှိကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တစ်ရက်တည်းတွင်ပင် ဝူဟန်ဗိုင်းရပ်စ်ပိုး အဓိက ဖြစ်ပွားရာ ဟူဘေးပြည်နယ် တွင် ကူးစက်ခံရသူ ၁၄၈၄၀ ဦးရှိပြီး အဆိုပါပမာဏသည် နေ့စဉ် ပမာဏထက် ၁၀ ဆများပြားကာ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်မှာလည်း ယမန်နေ့ တစ်ရက်တည်းတွင်ပင် ၂၄၂ ဦးမြင့်တက်လာကြောင်း တရုတ်အာဏာပိုင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ဟူဘေးပြည်နယ်မှ အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၄ ဦးနှင့်ကူးစက်ခံရသူ ၁၆၆၃ ဦးရှိသည်ဟု ထုတ်ပြန်ပြောဆိုခဲံသည်။

ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ ကူးစက်မှုကို အတည်ပြုရန်အသုံးပြုသည့် စမ်းသပ်ရှာဖွေမှုစနစ်များကို ထိရောက်စွာပြောင်းလဲ အသုံးပြုခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။

“ဒီကနေ့ကစပြီးလူနာတွေကိုအချိန်မီကုသနိုင်ဖို့အတွက် ဗိုင်းရပ်စ်ရှာဖွေတဲ့ စမ်းသပ်မှု စနစ်ကို ပြောင်းလဲလိုက်ပြီး ကူးစက်ခံရတဲ့လူနာအရေအတွက်ကိုအတည်ပြုပြီး ကုသမှုတွေ ချက်ချင်းပေးသွားမယ် ” ဟု တရုတ်အာဏာပိုင်များက ဆိုသည်။

Photo Credit – Bloomberg

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts