ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ၁၈၆၈ ဦးသေဆုံးပြီး ၇၂၄၃၆ ဦးကူးစက်၊ ၁၀၆၁၅ ဦး သက်သာ ပျောက်ကင်း

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ၁၈၆၈ ဦးသေဆုံးပြီး ၇၂၄၃၆ ဦးကူးစက်၊ ၁၀၆၁၅ ဦး သက်သာ ပျောက်ကင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
တရုတ်နိုင်ငံတွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၈၆၈ ဦး ရှိလာပြီဖြစ်ပြီး ၇၂၄၃၆ ဦး ကူးစက်ခံထားရကာ ၁၀၆၁၅ ဦး သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုသည်။
ကော်ရိုနာဗိုင်းရပ်စ်အဓိက စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်တွင် ကူးစက်ခံရသူ ၁၈၀၇ အသစ်ထပ်မံ တွေ့ရှိပြီး ၉၃ ဦး ယမန်နေ့က သေဆုံးသွားကြောင်း သိရှိရသည်။
တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအဖြစ် ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်နိုင်ငံတို့တွင် ၁ ဦးစီ သေဆုံးခဲ့ပြီဖြစ်သည်။
ဓာတ်ပုံ- ဝူဟန်တွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ဦး၏ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။ Photo Credit – AP
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ