All News Health International News

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၅၂၆ ဦးသေဆုံးပြီး ၆၇၁၀၀ ကူးစက်ခံရ၊ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော် ကူးစက်ခံရပြီး ၆ ဦး သေဆုံးသွားပြီ

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၅၂၆ ဦးသေဆုံးပြီး ၆၇၁၀၀ ကူးစက်ခံရ၊ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော် ကူးစက်ခံရပြီး ၆ ဦး သေဆုံးသွားပြီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၅၂၆ ဦးသေဆုံးသွားပြီး လူပေါင်း ၆၇၁၀၀ ကူးစက်ခံထားရကာ ယင်းတို့ထဲတွင် ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော်လည်း ကူးစက်ခံရကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၆ ဦး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူများ တရုတ်နိုင်ငံကို လာရောက်ရန်ရှိနေပြီး ကျန်းမာရေးဝန်ထမ်းများ ပါ ကူးစက်သေဆုံးနေမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် အကျပ်အတည်းကြုံတွေ့နေရချိန်လည်းဖြစ်သည်။

လူပေါင်း ၈၁၄၁ ဦးမှာ ကုသ၍ သက်သာပျောက်ကင်းသွားသော်လည်း လက်ရှိအချိန်အထိ ကုသရန် ဆေးမပေါ်သေးဘဲ HIV /AIDS ဆေးဝါးများကို အသုံးပြု၍ ကုသရ နေရကြောင်း သိရှိရသည်။

သေဆုံးမှုများနှင့် ကူးစက်မှုအများဆုံးသည် ကော်ရိုနာဗိုင်းရပ်စ်စတင်ရာ ဝူဟန်မြို့ ဟူဘေးပြည်နယ်တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်သူများ၏အဆိုအရ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို လက်ရှိ အခြေအနေအရ အားရဖွယ်ရာ တားဆီးနိုင်ခြင်းမရှိသေးဟု မှတ်ချက်ပြုထားကြောင်း တရုတ်သတင်းများနှင့် နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts