Health International News political news

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၁၁၂ ဦးသေဆုံး၊ ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်း ကူးစက်ခံနိုင်ရဟု သတိပေး

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၁၁၂ ဦးသေဆုံး၊ ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်း ကူးစက်ခံနိုင်ရဟု သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တရုတ်နိုင်ငံတွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လူပေါင်း ၁၁၁၂ အထိရှိလာပြီး ကူးစက်ခံရသူ ၄၄၇၉၄ ဦးရှိကာ ၄၆၅၇ ဦးမှာ ကုသ၍ ပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ယမန်နေ့က တစ်ရက်တည်းတွင်ပင် ၉၇ ဦး သေဆုံးခဲ့သည်။

New York Post ၏ သတင်းဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် ကော်ရိုင်နာဗိုင်းရပ်စ်ကူးစက်မှု ခံရနိုင်ကြောင်း ပညာရှင်များ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြသည်။

ဟောကောင်တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးဝါး ဌာန ပါမောက္ခ Gabriel Leung က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏တနင်္လာနေ့တွင်တရုတ်နိုင်ငံပြင်ပရှိ Coronavirus ပြန့်နှံ့မှုသတိပေးချက်၏အကျိုးသက်ရောက်မှုများကို လေ့လာလျက်ရှိပြီး တရုတ်နိုင်ငံပြင်ပ ကူးစက်မှုသည် ရေခဲတောင်အစွန်အဖျား ဟု သုံးနှုန်း ပြောဆိုသည်။

ပညာရှင်များက တရုတ်နိုင်ငံပြင်ပ ကူးစက်မှုသည် တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာနိုင်သည်ဟု သတိပေးလျက်ရှိသည်။

“ကမ္ဘာ့လူ ဦး ရေရဲ့ ၆၀ မှ ၈၀ ရာခိုင်နှုန်းဟာရောဂါပိုးကူးစက်ခံရမှာလား။ ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဖြစ်လာရင်တော့ လှိုင်းတွေလို ဆက်တိုက်ဖြစ်လာမယ်” ဟု ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံမှလာသော သတင်းတစ်ပုဒ်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်သည် မူလ ၁၄ ရက်အတွင်း ရောဂါအစပျိုး၍ လက္ခဏာပြသည်ဟု မှတ်ယူခဲ့ကြသော်လည်း လေ့လာချက်များအရ ဗိုင်းရပ်စ်သည် လူကို ကူးစက်ပြီးနောက် ၂၄ ရက်တိုင်တိုင် လက္ခာမပြဘဲ နေကာ လူကောင်းပကတိဖြင့် အခြားသူများကို ရောဂါပိုးကူးစက် ဖြန့်ဝေနိုင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝူဟန်ကော်ရိုနာဗိုင်းရစ် ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာကို ခြိမ်းခြောက်နေသော ပြည်သူ့ရန်သူ နံပါတ်တစ် အဖြစ်သတ်မှတ်လိုက်ပြီး ၁၈ လအတွင်း ကာကွယ်ဆေး အဆင့်သင့်ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ပြောဆိုထားသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts