All News Local News Peace

လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သည်ဆိုသော မောင်နုနှင့် ချွတ်ပြင်ရွာ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေး အရေးယူမည်ဟု တပ်မတော် ထုတ်ပြန်

လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သည်ဆိုသော မောင်နုနှင့် ချွတ်ပြင်ရွာ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေး အရေးယူမည်ဟု တပ်မတော် ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ် ဂူတာပြင် ကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ကို တပ်မတော်က စုံစမ်းစစ်ဆေး တရားရုံးတင် ဆောင်ရွက်နေပြီး မောင်နုရွာနှင့် ချွတ်ပြင်ရွာတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်သည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry –ICOE) ၏ အပြီး သတ်အစီရင်ခံစာအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအပြီး သတ်အစီရင်ခံစာနှင့် နောက်ဆက်တွဲ(၃၀)တို့ကို တပ်မတော်က အပြည့်အစုံလက်ခံရရှိခဲ့ကြောင်း၊ ယင်း အစီရင်ခံစာအပေါ် တပ်မတော်က အသေးစိတ်လေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အစီရင်ခံစာပါ ဖြစ်စဉ်များအနက် ဂူတာပြင်ရွာဖြစ်စဉ်အား အရေးယူဆောင်ရွက်ဆဲဖြစ်ပြီး အင်းဒင်ကျေးရွာဖြစ်စဉ်မှာ အရေး ယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ဂူတာပြင်ရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial) စစ်ဆေး ဆောင်ရွက်မှု အခြေနေအား မကြာမီသတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊တပ်မတော်အနေဖြင့် အစီရင်ခံစာပါ ကျန်ဖြစ်စဉ်များအနက် မောင်နုရွာနှင့် ချွတ်ပြင်ရွာဖြစ်စဉ်တို့အား လေ့လာသုံးသပ် စိစစ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များအတိုင်း စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။

အစီရင်ခံစာပါ ကျန်ဖြစ်စဉ်များကိုလည်း ဆက်လက်၍ လေ့လာသုံးသပ်စိစစ်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂFFM အစီရင်ခံစာ အပါအဝင် နိုင်ငံတကာသတင်းများတွင် အင်းဒင်၊ ဂူတာပြင်၊ မောင်နု၊ ချွတ်ပြင်ရွာ အပါအဝင် ကျေးရွာတချို့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts