ရခိုင် ၈ မြို့နယ်နှင့် ပလက်ဝတွင် လူ ၈ သိန်းကျော် ထိခိုက်နစ်နာနေသော အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ရေး စစ်တွေတွင် ဆန္ဒပြ(ရုပ်/သံ)

ရခိုင် ၈ မြို့နယ်နှင့် ပလက်ဝတွင် လူ ၈ သိန်းကျော် ထိခိုက်နစ်နာနေသော အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ရေး စစ်တွေတွင် ဆန္ဒပြ(ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ် မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကို ချက်ချင်း ရပ်တန့်ပေးရန် ရခိုင်လူငယ်များဦးဆောင်၍ စစ်တွေမြို့နယ်တွင် ယနေ့ ဆန္ဒပြကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက်ပေါင်း ၂၄၇ ရက်ကြာအောင် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုအား စံချိန်တင် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထိုသို့ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမှုစီးပွား နစ်နာမှုများကို များစွား ထိခိုက်စေပြီး လူပေါင်း ၈ သိန်း ကျော် နစ်နာဆုံးရှုံများကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရကြောင်း ဆန္ဒပြလူငယ်များက ဆိုသည်။
စစ်တွေမြို့၊ ဘုရားကြီး(ဝင်္ကဘာကွင်း) တွင် ဆန္ဒပြမှု လုပ်ဆောင်နေခြင်းဖြစ်ပြီး ဆန္ဒပြပွဲကို ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အပါအဝင် လူငယ်များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားခြင်းသည် လုံခြုံရေးအရ အကျိုးကျေးဇူးများစွာ ရှိသဖြင့် ဆက်လက် ဖြတ်တောက်ထားမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်ပေးမည်ကို မသိရှိကြောင်း ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ