All News Local News Peace

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေး မော်လဒိုက်နိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် အစီရင်ခံစာ တင်သွင်း တရားစွဲမည်

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေး မော်လဒိုက်နိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် အစီရင်ခံစာ တင်သွင်း တရားစွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများဘက်မှ ရပ်တည်သည့်အနေဖြင့် မော်လဒိုက်နိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ကြားဖြတ်အစီရင်ခံစာ ရေးသားတင်သွင်း တရားစွဲမည်ဖြစ်ကြောင်း မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid က ယမန်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

မော်လဒိုက်နိုင်ငံအနေဖြင့် နာမည်ကျော်ကြားသည့် လူ့အခွင့်အရေး ရှေ့နေ Amal Clooney ကို ၎င်း၏ ရှေ့နေအဖြစ်ငှားရမ်းပြီး ICJ တွင် တရားစွဲဆို အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားပြီး ICJ တရားရုံးက ကြားဖြတ်အမိန့် ၄ ချက် ချမှတ်ထားချိန်တွင် မော်လဒိုက်နိုင်ငံက တရားစွဲဆိုမည်ဖြစ်ကြောင်း ထပ်မံ ကြေညာခြင်းဖြစ်သည်။

ဓာတ်ပုံ- လူ့အခွင့်အရေးရှေ့နေ Amal Clooney . Photo Credit – AFP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts