All News Local News Peace

ရခိုင်တွင် အင်တာနက် ဖြတ်တောက်ပြီးေနာက် တပ်မတော်က ကြည်း၊ ရေ၊ လေဖြင့် ထိုးစစ် အရှိန်မြှင့်လာဟု AA ပြော

ရခိုင်တွင် အင်တာနက် ဖြတ်တောက်ပြီးေနာက် တပ်မတော်က ကြည်း၊ ရေ၊ လေဖြင့် ထိုးစစ် အရှိန်မြှင့်လာဟု AA ပြော၊ တပ်မတော်ဒရုန်းတစ်စင်းကို ပစ်ချနိုင်ပြီး AA စစ်သည်များ ဒဏ်ရာရရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရခိုင်ဒေသတွင် အင်တာနက်များ ပြန်လည် ဖြတ်တောက်ပြီးနောက် တပ်မတော်၏ ထိုးစစ်များ အရှိန်မြှင့်လာကြောင်း ရခိုင်တပ်မတော် AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၄) ရက်နေ့၊နေ့လည်(၁၂) နာရီခန့်မှစတင်ပြီးမြန်မာ့တပ်မတော်သည် (၁) ခမရ(၅၃၇) တပ်ရင်း (၂) ရေစိုးချောင်းဗျူဟာ (၃) ဇက်သဘောၤတစ်စီး စသည်ဖြင့်နေရာ(၃) နေရာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် Speed boat အမြန်စက်တပ်စက်လှေ(၁) စီး ပေါ်မှလည်း စက်သေနတ်များဖြင့် ချောင်းကမ်းဝဲယာနှစ်ဖက်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နေ့လည်(၂) နာရီ (၂၃) မိနစ်မှ စတင်ပြီး ရဟတ်ယာဉ်(၂) စီးဖြင့်မိနစ်(၃၀) ခန့်တစ်ကြိမ်၊ မိနစ်(၁၅) မိနစ်ခန့်တစ်ကြိမ် စုစုပေါင်း (၄၅) မိနစ်ခန့် ရော့ကတ်များ၊ စက်သေနတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းAA က ပြောဆိုသည်။

ရခိုင်ဒေသအတွင်း Internet အင်တာနက်လိုင်းများပြန်လည်ဖြတ်တောက်ပြီးနောက် မြန်မာ့တပ်မတော်အနေဖြင့် ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး(ထိုးစစ်)အား အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ AA စစ်သည်အချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း၊ နေ့လည်(၁) နာရီ(၄၅) မိနစ်တွင်တပ်မတော်၏ ဒရုန်း Drone တစ်စင်းအား ရက္ခိုင့်တပ်တော်မှ ပစ်ချနိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

မြန်မာ့တပ်မတော်၏လက်နက်ကြီးများ၊ ရဟတ်ယာဉ်(၂) စီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ် (က)မညင်းတောင်ကျေးရွာ(ခ)ကျောက်ရံသာစည်ကျေးရွာ (ဂ)အမျှတောင်ကျေးရွာ (ဃ) ကုန်တန်းကျေးရွာ၏ အနောက်ဖက်တောစပ်နှင့် အုန်းတော(ဓနိတော)များ အတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ နေရာ(၃) နေရာမှ လက်နက်ကြီးအကြိမ်အရေအတွက်(၈၀) ခန့်ရှိခဲ့ကြောင်း၊ပလက်ဝမြို့နယ်အတွင်း၌လည်းတိုက်ပွဲငယ်များဆက်လက်ရှိနေခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

Photo Credit- တပ်မတော်၏ ဒရုန်းတစ်စင်း၊ (defence-blog)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts