All News Local News

ရခိုင်တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ခု ရရှိရေး ရန်ကုန်တွင် ကျောင်းသားအဖွဲ့ ၃ ခုပေါင်း၍ ဆန္ဒပြ

ရခိုင်တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ခု ရရှိရေး ရန်ကုန်တွင် ကျောင်းသားအဖွဲ့ ၃ ခုပေါင်း၍ ဆန္ဒပြ

‌ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်တွင် ခြွင်းချက်မရှိ အင်တာနက်လိုင်း ပြန်ဖွင့်ရေး ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)တို့ ပူးပေါင်း၍ ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)က သတင်းထုတ်ပြန်သည်။

ဆန္ဒပြပွဲတွင် တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုခဲ့ပြီး ရခိုင်ပြည်တွင်း ခြွင်းချက်မရှိ အင်တာနက်လိုင်းပြန်လည် ဖွင့်ပေးရေး၊ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းအား လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအား တာဝန်ယူ၊ တာဝန်ခံမူရှိစွာ ‌ဖြေရှင်းပေးရေး နှင့်ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား လွတ်လပ်စွာသတင်းရယူခွင့်ပေးရေးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြပွဲတွင် ကျောင်းသားများ၏ သဘောထားများကိုလည်း စာရေးသား ဖော်ပြခဲ့ကြပြီး၊ တက္ကသိုလ်အသီးသီးမှ တာဝန်ရှိသူများမှလည်း မိမိတို့အဖွဲ့အစည်း၏ သဘောထားအမြင်များကို ပြောဆိုခဲ့ကြကြောင်း သိရှိရသည်။

Photo Credit – ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts