Local News political news
ယမ်းမပါတဲ့ ဗုံးအတုနဲ့ သိန်း ၆၀၀ လုသွားတဲ့ မြောက်ဒဂုံ CB ဘဏ် ဓားပြတိုက်မှု တရားခံတွေ ဘယ်လို ထွက်ပြေးသွားလဲ(ရုပ်/သံ)
ယမ်းမပါတဲ့ ဗုံးအတုနဲ့ သိန်း ၆၀၀ လုသွားတဲ့ မြောက်ဒဂုံ CB ဘဏ် ဓားပြတိုက်မှု တရားခံတွေ ဘယ်လို ထွက်ပြေးသွားလဲ(ရုပ်/သံ)
By ရန်ကုန်ခေတ်သစ်
ယနေံနက်ပိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ဒီနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က လက်နက်ပြပြီး ယမ်းမပါတဲ့ ဗုံးအတု ထားလို့ သိန်း ၆၀၀ လုယူ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိ အချိန်အထိတော့ တရားခံ တွေ ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ကြိုးစားနေဆဲပါပဲ။ ဘဏ်ကို ဘယ်လိုပုံစံနဲ့ ဓားပြတိုက်သွားတာလဲ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဘယ်လိုသုံးသပ်ထားပါလဲ။
မေး။ ။ ဓားပြတိုက်ခံရတဲ့ကိစ္စ၊ ဗုံးထားခဲ့တဲ့ကိစ္စနောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ဗုံးကတော့ ကျွန်တော်တို့ နောက်ဆုံးတွေ့ရှိချက်အရတော့ ဗုံးကအတုဖြစ်နေတယ်။ ယမ်းမပါဘူးပေါ့။
မေး။ ။ ဓားပြတိုက်တဲ့သူတွေကို CCTV မှတ်တမ်းမှာ မပေါ်ဘူးလား။
ဖြေ။ ။ အကြမ်းဖျဉ်းကတော့ ကျွန်တော်တို့သိသလောက်ကတော့ CCTVမှာပေါ်နေတယ်လို့တော့ ယူဆရတယ်။ တချို့ကိစ္စ တရားခံဖမ်းမိရေးကို အကုန်လုံးပြောလို့မရဘူးလေ။ Bank တွေဆိုတော့ CCTV တပ်ထားတယ်လေ။
မေး။ ။ CCTV ရှိတယ်ဆိုတော့ တရားခံကိုဖမ်းမိဖို့ အလားအလားရှိတယ်လို့ပြောတာလား။
ဖြေ။ ။ တကယ်ပြောရရင်တော့ နီးစပ်တယ်လို့ပဲ ကောက်ချက်ချချင်တယ်။ သုံးသပ်ချင်တယ်။
မေး။ ။ ကားနံပါတ်တွေဘာတွေကိုကော မှတ်ထားတာရှိလား။
ဖြေ။ ။ ရှိတယ်လို့တော့ ကျွန်တော်ကတော့ အကြမ်းဖျဉ်း ပြောရမှာပဲ နံပါတ်တွေဘာတွေကတော့ ပြောလို့မရဘူး။ ရဲကလည်း သူ့လုပ်ထုံးလုပ်နည်းနဲ့အရ တရားခံဖမ်းမိရေးလုပ်နေတယ်။
မေး။ ။ ရဲတပ်ဖွဲ့လုပ်ကိုင်ဆောင်ရွက်မှုကိုလည်း အားရကျေနပ်မှုရှိလား။
ဖြေ။ ။ လောလောဆယ်လည်း လက်ရှိအခြေအနေကတော့ ရဲတပ်ဖွဲ့လည်း သူတို့ဖြစ်စဉ်ဖြစ်ပြီးမှ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က တရားခံဖမ်းမိရေးပေါ်မှာ ကြည့်ပြီးတော့ ရဲတပ်ဖွဲ့လုပ်ဆောင်ချက်ကို သုံးသပ်ရမှာပေါ့လေ။
မေး။ ။ ဝေဖန်မှုတွေကလည်းရှိနေတော့ တကယ်ကော ဖမ်းမိနိုင်ပါ့မလား။
ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ ခုနပြောသလို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ရှိအောင်လို့ လုပ်ငန်းစဉ်အရ ရှာဖွေရမှာပေါ့လေ။ ရှိရဲ့သားနဲ့မှ မမိဘူးဆိုရင်တော့ ကျွန်တော်တို့ ပုံစံတစ်မျိုးဖြစ်သွားမှာပေါ့။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။
ဖြေ။ ။ ဒါကတော့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်မှုတစ်ခုပဲလေ။ နောက်ပြီးတော့ ဒဂုံမြို့သစ်မြောက်ပိုင်းဆိုတာ ဝန်ထမ်းရပ်ကွက်ကြီး မြို့နယ်ကြီးဖြစ်တဲ့အတွက်ကြောင့်တည်ငြိမ်အေးချမ်းနေတဲ့ ဒီလိုအခြေအနေဟာ တည်ငြိမ်မှုနဲ့ ပြည်သူတွေစိုးရိမ်မှုတွေဖြစ်တဲ့အတွက်ကြောင့် တရားဥပဒေစိုးမိုးရေးကို တရားဝင် စိန်ခေါ်တဲ့သဘောလို့ ကျွန်တော်ကတော့ ယူဆတယ်။
Posted by Khit Thit Media on Friday, 7 February 2020
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts