All News Crime Local News

မြောက်ဒဂုံ CB ဘဏ် ဓားပြတိုက်သူ ဖမ်းမိ၊ သေနတ်အတု ဗုံးအတုဖြင့် ဓားပြတိုက်ခဲ့

မြောက်ဒဂုံ CB ဘဏ် ဓားပြတိုက်သူ ဖမ်းမိ၊ သေနတ်အတု ဗုံးအတုဖြင့် ဓားပြတိုက်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ CB ဘဏ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် အမျိုးသားတစ်ဦးက ဘဏ်ဝန်ထမ်းများကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟု ယူဆရသော အရာဝတ္ထုကို ချထားခဲ့ပြီး ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့မှုမှ ကျူးလွန်သူ တရားခံ ၁ ဦးကို ဖမ်းဆီး ရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်(၃၃)ရပ်ကွက်နေ တရားခံ စိုးကျော်ကျော်(၄၇)နှစ်၊ (ဘ)ဦးလှအောင်ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် YGN 5K/xxxx Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ် သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ(၇၀၀၀) တို့နှင့်အတူ ဖမ်းဆီးရမိပြီး တရားခံ စိုးကျော်ကျော်က အရေးကြီးငွေလိုအပ်နေသည့်အတွက် ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူအနေဖြင့် သေနတ်အတု၊ ဗုံးအတုတို့ဖြင့် ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo Credit – ရဲတပ်ဖွဲ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts