All News Local News Peace

မြဝတီမြို့ နေအိမ်တစ်ခုတွင် ဗုံး ၂ လုံးပေါက်ကွဲ၊ ၂ ဦးဒဏ်ရာရ

မြဝတီမြို့ နေအိမ်တစ်ခုတွင် ဗုံး ၂ လုံးပေါက်ကွဲ၊ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နေအိမ်တစ်ခုတွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က ဗုံး ၂ လုံးပေါက်ကွဲပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

မြဝတီမြို့၊အမှတ်၄ရပ်ကွက်၊အောင်မြေရွှေဘုံလမ်းထိပ် ဦးစောတင်မြင့်နေအိမ်မိုင်ဗုံး(၂)လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘောစေ့များဖြစ်ပြုလုပ်ထားသည့်အချိန်ကိုက်မိုင်းပုံစံဟု ယူဆရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပေါက်ကွဲမှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးစောတင်မြင့်နှင့်အနီးရှိ ဈေးသည်တစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း၊ ပေါက်ကွဲမှု ဖြစ်စဉ် အသေးစိတ်ကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း စုံစမ်းနေဆဲဖြစ်၍ အသေးစိတ်မသိရှိသေးကြောင်း ပြောဆိုသည်။

Photo Credit- အောင်ထွန်းလင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts