Local News Web TV

မြဝတီတွင် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လချခံရသော နော်အုန်းလှကို စကားပြောခွင့်မပေးဘဲ ရဲက ကားပေါ်ဆွဲတင်၍ စကားများ ရန်ဖြစ်(ရုပ်/သံ)

မြဝတီတွင် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လချခံရသော နော်အုန်းလှကို စကားပြောခွင့်မပေးဘဲ ရဲက ကားပေါ်ဆွဲတင်၍ စကားများ ရန်ဖြစ်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို ကရင်ပြည်နယ် အစိုးရက ဖျက်ဆီးမှုကို ကန့်ကွက်ခဲ့ကြသော နော်အုန်းလှ အပါအဝင် ၄ ဦးကို မြဝတီမြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ယနေ့ ထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်း သိရှိရသည်။

မြဝတီမြို့နယ် ရွှေမြစန္ဒီအိမ်ရာစီမံကိန်း နှင့် ပတ်သတ်၍ နစ်နာသူ ပြည်သူများအား အကူအညီပေးခဲ့သောကြောင့် မြဝတီမြို့နယ်တရားရုံးမှ ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉/၂၀) ဖြင့် စွဲချက်တင်ခဲ့ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉)ဖြင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ နော်အုန်းလှ နှင့်အတူ ရွှေမြစန္ဒီ မှနစ်နာသူ ဦးငယ်၊ ဒေါ်စန္ဒာ နှင့် ဦးမောင်ဦး တို့ကို ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးများအဖွဲ့မှ ဒေါ်ဇာခြည်လင်းက “အန်တီနော်ကိုတော့ အခုဖမ်းခေါ်သွားပြီ မြဝတီထောင်ကိုခေါ်သွားတာ အန်တီနော်ကတော့ ဒီလိုထောင်ချ ဖမ်းဆီးခေါ်ဆောင်သွားတာ မတရားပြုလုပ်ခံရတာလို့ ပြောဆိုသွားတယ်။ နောက်ပြီးတော့ ရဲတွေက ထောင်ဒဏ်ချမှတ်လိုက်ပြီး မီဒီယာတွေနဲ့ အန်တီနော်တို့ကို စကားပေးမပြောဘူး။ ကားပေါ်အတင်းဆွဲတင်လို့ တရားရုံးရှေ့မှာ ပဋိပက္ခတွေဖြစ်သွားတယ်။ ကျွန်မတို့အခု ထောင်ကိုလိုက်နေတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ေနာ္အုန္းလွကို စကားေျပာခြင့္မေပးဘဲ ကားေပၚဆြဲတင္၍ စကားမ်ား ရန္ျဖစ္(ရုပ္/သံ)

ျမ၀တီတြင္ ပုဒ္မ ၁၉ ျဖင့္ ေထာင္ဒဏ္ ၁ လခ်ခံရေသာ ေနာ္အုန္းလွကို စကားေျပာခြင့္မေပးဘဲ ရဲက ကားေပၚဆြဲတင္၍ စကားမ်ား ရန္ျဖစ္(ရုပ္/သံ) ရန္ကုန္၊ ေဖေဖာ္၀ါရီ ၁၇ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္တြင္ ေရႊျမစႏၵီအိမ္ရာစီမံကိန္းကို ကရင္ျပည္နယ္ အစုိးရက ဖ်က္ဆီးမႈကို ကန္႔ကြက္ခဲ့ၾကေသာ ေနာ္အုန္းလွ အပါအ၀င္ ၄ ဦးကို ျမ၀တီၿမိဳ႕နယ္တရားရုံးက ၿငိမ္းစုစီ ဥပေဒ ပုဒ္မ ၁၉ ျဖင့္ ယေန႔ ေထာင္ဒဏ္ ၁ လခ်မွတ္လိုက္ေၾကာင္း သိရွိရသည္။ျမဝတီၿမိဳ႕နယ္ ေ႐ႊျမစႏၵီအိမ္ရာစီမံကိန္း ႏွင့္ ပတ္သတ္၍ နစ္နာသူ ျပည္သူမ်ားအား အကူအညီေပးခဲ့ေသာေၾကာင့္ ျမဝတီၿမိဳ႕နယ္တရား႐ုံးမွ ၿငိမ္းစုစီဥပေဒ ပုဒ္မ (၁၉/၂၀) ျဖင့္ စြဲခ်က္တင္ခဲ့ၿပီး ၿငိမ္းစုစီ ဥပေဒပုဒ္မ (၁၉)ျဖင့္ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးအမ်ိဳးသမီးအဖြဲ႕ ဥကၠဌ ေနာ္အုန္းလွ ႏွင့္အတူ ေ႐ႊျမစႏၵီ မွနစ္နာသူ ဦးငယ္၊ ေဒၚစႏၵာ ႏွင့္ ဦးေမာင္ဦး တို႔ကို ေထာင္ဒဏ္ (၁) လ ခ်မွတ္ခဲ့ျခင္းျဖစ္သည္။ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရးအမ်ိဳးသမီးမ်ားအဖြဲ႔မွ ေဒၚဇာျခည္လင္းက "အန္တီေနာ္ကိုေတာ့ အခုဖမ္းေခၚသြားၿပီ ျမဝတီေထာင္ကိုေခၚသြားတာ အန္တီေနာ္ကေတာ့ ဒီလိုေထာင္ခ် ဖမ္းဆီးေခၚေဆာင္သြားတာ မတရားျပဳလုပ္ခံရတာလို႔ ေျပာဆိုသြားတယ္။ ေနာက္ၿပီးေတာ့ ရဲေတြက ေထာင္ဒဏ္ခ်မွတ္လိုက္ၿပီး မီဒီယာေတြနဲ႔ အန္တီေနာ္တို႔ကို စကားေပးမေျပာဘူး။ ကားေပၚအတင္းဆြဲတင္လို႔ တရားရုံးေရွ႕မွာ ပဋိပကၡေတြျဖစ္သြားတယ္။ ကၽြန္မတို႔အခု ေထာင္ကိုလိုက္ေနတယ္" ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသုိ႔ ေျပာဆုိသည္။

Posted by Khit Thit Media on Monday, 17 February 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts