All News Local News

မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာ ၂၀ ဦးအထိ တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာ ၂၀ ဦးအထိ တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာ ၂၀ ဦးအထိ တိုးလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်မှ အသက်(၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဉီးနှင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဆိုပါအသက်(၁၉)နှစ်အရွယ် အမျိုးသမီးသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အသက် (၁၆) နှစ်အရွယ် အမျိုးသမီးသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လည်းကောင်း ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို အသီးသီးစတင်ခံစားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အဆိုပါ အမျိုးသမီး (၂) ဦးနှင့် အတူနေထိုင်သော မိသားစုဝင်များအနက် အသက် (၄၄) နှစ်အရွယ် မိခင်တော်စပ်သူ နှင့် အသက် (၄၄) နှစ်အရွယ် ဖခင်တော်စပ်သူတို့သည် ဖျားနာခြင်းနှင့် ‌ချောင်းဆိုးခြင်း‌ ဝေဒနာများ ခံစားနေရကြောင်းတွေ့ရှိခဲ့ရသဖြင့် ၎င်းတို့ (၄) ဦးအား စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်စောင့်ကြည့်နေကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သော အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ပင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရ သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အဆိုပါလူနာအား‌ မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်နေကြောင်း သိရှိရသည်။

စင်္ကာပူနိုင်ငံမှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာဖြစ်လာခဲ့သူ (၁) ဦး နှင့် စင်ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ်က အနီးကပ်ထိတွေ့ခဲ့သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသမီးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မှစတင်၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ရာ ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက်ပိုင်းတွင် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် ၎င်းအားစောင့်ကြည့်လူနာအဖြစ် သတ်မှတ်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီအထိ သံသယလူ(၁)ဉီး အပါအဝင် လူနာ (၂၀) ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com