All News interview Peace

” မြန်မာစစ်တပ်ဆီက ရဟတ်ယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာတွေရှိတယ်။ ရဟတ်ယာဉ် ဖြတ်ပျံလို့ရှိရင်တော့ ပစ်ရင်လည်း ပစ်နိုင်တာပေါ့”

” မြန်မာစစ်တပ်ဆီက ရဟတ်ယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာတွေရှိတယ်။ ရဟတ်ယာဉ် ဖြတ်ပျံလို့ရှိရင်တော့ ပစ်ရင်လည်း ပစ်နိုင်တာပေါ့”

By ရန်ကုန်ခေတ်သစ်

ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦးညီပု ရဟတ်ယာဉ် အပစ်ခံရမှုအပေါ် AA အဖွဲ့မှ ခိုင်သုခ၏ တုံ့ပြန်ချက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် လူ/ကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လိုက်ပါစီးနင်းသော ရဟတ်ယာဉ်သည် ယနေ့ နံနက်ပိုင်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာနားတွင် သေနတ်ဖြင့် အပစ်ခတ်ခံခဲ့ရကာ ယင်းပစ်ခတ်မှုသည် AA တပ်ဖွဲ့၏ လက်ချက်ဖြစ်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။

“ရဟတ်ယာဉ်ပစ်ခတ်တယ်ဆိုတဲ့ကိစ္စက ကျနော့်ဆီကု ိဘာသတင်းမှ ရောက်လာတာမရှိသေးဘူး။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော့်ဆီမှာ ဘာသတင်းမှာ မရှိသေးဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတာက ကျနော်တို့ တပ်ဖွဲ့တွေက မြန်မာစစ်တပ်ဆီက ရဟတ်ယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ သူတို့ အထက် တည့်တည့်ကနေ ပြီးတော့ ရဟတ်ယာဉ် ဖြတ်ပျံလို့ရှိရင်တော့ ပစ်ရင်လည်း ပစ်နိုင်တာပေါ့။ ဒါပေမယ့်လို့ ပစ်ခတ်တာ ရှိ၊မ ရှိက ကျနော်ပြန်ပေးပြီးမှ ပြောလို့ရမယ်”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts