All News Local News

မတ်လကုန်အထိ ကျောင်းဖွင့်မည့်အရေး ကန့်ကွက်ဆန္ဒပြသော ကျောင်းသား ၃ဦးကို ရဲတပ်ဖွဲ့က ငြိမ်း၊ စု၊ စီ ဖြင့် အမှုဖွင့်

မတ်လကုန်အထိ ကျောင်းဖွင့်မည့်အရေး ကန့်ကွက်ဆန္ဒပြသော ကျောင်းသား ၃ဦးကို ရဲတပ်ဖွဲ့က ငြိမ်း၊ စု၊ စီ ဖြင့် အမှုဖွင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးပညာရေးကောလိပ်တွင် ဇန်နဝါရီလအတွင်းက ဖဲကြိုးစိမ်း လှုပ်ရှားမှုလုပ်ဆောင်ခဲ့သော ကျောင်းသား ကျောင်းသူ ၃ဦးကို မန္တလေးတိုင်း အမှတ်အမှတ်(၃) ချမ်းအေးသာစံမြိုနယ်ကရဲစခန်းက ငြိမ်း၊ စု၊ စီ ပုဒ်မ (၁၉)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဗဟိုအမူဆောင်အဖွဲ့ရဲ့ထွေထွေအတွင်းရေးမှုး ကိုထူးခန့်သော်ကပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခံထားရသော ကျောင်းသား ကျောင်းသူ၃ဦးမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဗဟိုအမူဆောင်အဖွဲ့ရဲ့ထွေထွေ အတွင်းရေးမှုး ကိုထူးခန့်သော်၊ မန္တလေးပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်မျိုးကိုနှင့် ကယားပြည်နယ်ကျောင်းသားသမဂ္ဂက မဇူးဇူးဇန်တို့ကို ချမ်းအေးသာစံမြို့နယ်ရဲစခန်းက ရဲမှုးဇော်မိုးက တရားလိုပြုလုပ်ကာအမှုဖွင့် အရေးယူထားကြောင်းသိရသည်။

“ကျွန်တော်တို့ ဒါကို ကြိုတွေးခဲ့ပြီးသားပါ။ လမ်းပေါ်ထွက်ပြီဆိုကတည်းက ကျွန်တော်တို့ကို တရားစွဲတော့မယ်ဆို တာကို ကြိုတွေးခဲ့ပြီးသားပါ။ ကျွန်တော်တို့က ဒီမိုကရေစီပုံဖျက်ခံရတယ်လို့မြင်ပါတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို့က ကိုယ်ဆန္ဒကို ကိုယ့်ထုတ်ပြတဲ့နေရာမှာ ဘယ်သူဆီကမှ ခွင့်ပြုချက်တောင်းစရာမလိုဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒါက ဒီမိုကရေစီအခွင့်အလမ်းပါ။ ဒီမိုကရေစီရေးအရ လူအခွင့်အရေးအရရော ကျွန်တော်တို့ရဲ့ အမြင်တွေကိုလွတ်လပ်စွာထုတ်ပြခွင့်ရှိရပါလိမ့်မယ်။ အဲဒီကိစ္စကိုခွင့်ပြုချက်တင်ရမယ့်ကိစ္စကတော့ နည်းလမ်းမှန်တဲ့ကိစ္စလို့ မထင်ဘူး” ဟု ကိုထူးခန့်သော်ကပြောဆိုသည်။

ဖဲကြိုးစိမ်း လှုပ်ရှားမှုကို လမ်းပေါ်သို့ထွက်၍ ဆန္ဒဖော်ထုတ်ခဲ့ရခြင်းမှာ အာဏာပိုင်များ၏ ပိတ်ပင်မှုများကြောင့်သာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ မန္တလေးပညာရေးကောလိပ်ကနေပြီးတော့ ပညာရေးမှုးရုံးရှေ့ကို ချီတက်ပါတယ်။ပညာရေးမှုး ရုံးရှေ့မှာ တရားဟောနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ကို ရဲစခန်းကနေပြီးတော့ လာရောက်အကြောင်းကြားပါတယ်။ တရားစွဲရလိမ့်မယ်ဆိုတာကို ဥပဒေအရ အရေးယူရမယ်ဆိုတာကို လာရောက်အကြောင်းကြားပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆက်လက်ပြီး ချီတက်ပါတယ်။ပညာရေးမှုးရုံးကနေပြီးတော့မှ မန္တလေးပညာရေးကော လိပ်ထဲ ကို ပြန်ပြီး ချီတက်ပါတယ်။အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ကျွန်တော်တို့ကိုအ မူဖွင့်လိုက်တာပါ” ဟုကိုထူးခန့်သော်ကဆိုသည်။

တရားစွဲဆိုခံထားရသော ကျောင်းသား ၃ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားသော အကြောင်းကြားစာကို ပေးပို့ထားသည်ဟု တရားစွဲဆိုခံထားရသော ကျောင်းသား များကဆိုသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုကြောင့် ကျောင်းသားကျောင်းသူများ တရားစွဲဆိုခံထားရမှု ကိစ္စနှင့် ပတ်သက်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂအသီးသီးက ကန့်ကွင်ရှုတ်ချကြောင်း ကန့်ကွက်စာများ အသီးသီး ထုတ်ပြန်ခဲ့သည်။

အစိုးရက ကျောင်းသားများ၏ ဆန္ဒပြမှုများကြောင့် မတ်လအကုန်အထိ ကျောင်းဖွင့်မည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

ဓာတ်ပုံ- မတ်လအကုန်အထိ ကျောင်းဖွင့်မှုအပေါ် မန္တလေးပညာရေးကောလိပ်ကျောင်းသားများ ဆန္ဒပြနေစဉ်။ Photo Credit – မန္တလေး ပညာရေးကောလိပ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com